Sunday, November 30, 2014

“၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်”


MPC အကြံပေး ဦးလှမောင်ရွှေ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် သမ္မတက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန ကို (MPC) ထူထောင် ဆောင်ရွက်လာတာဟာ ၃ နှစ်ကာလ ရောက်လာပြီ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့မှာ ဝန်ကြီး၊ ဒု ဝန်ကြီး ၁၃ ဦး၊ အကြံ ပေး ၄ ဦး ပါဝင်ပါတယ်။ ဒီလုပ်ငန်းကော်မတီရဲ့ လုပ်ဆောင်နေမှုများ အပေါ် ဝေဖန်မှုတွေ ရှိနေသလို လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေခြင်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး နောက်ကြောင်းပြန်မှုများ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြေမြှုပ်မိုင်းဆန့်ကျင် ရေးတေးသီချင်းနဲ့ စန္ဒီမြင့်လွင်ရဲ့ အမှတ်တရ



Equality Myanmar ကနေ စီစဉ်ရိုက်ကူးတဲ့ မြေမြှုပ်မိုင်းဆန့်ကျင် ရေး တေးသီချင်းဗီဒီယိုမှာ စောဖိုး ခွားနဲ့အတူ စန္ဒီမြင့်လွင်လည်း ပါဝင် ကူညီရိုက်ကူးပေးထားပါတယ်။ ‘မြေ မြှုပ်မိုင်းဆန့်ကျင်ရေး’ တေးသီချင်း မှာကိုယ်တိုင်ပါဝင်သီဆိုပေးခဲ့သူ စန္ဒီ မြင့်လွင်က “ဒါရိုက်တာ ဦးဖိုးဇော်က ဒီမြေမြှုပ်မိုင်းအကြောင်းကို ပညာပေး လေးတစ်ခုအနေနဲ့ ကချင်ပြည်နယ် မှာ စစ်ဖြစ်တဲ့အကြောင်းလေးတွေ ကို သီချင်းလုပ်ချင်တယ်၊

ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ်သင့်ဟု နိုင်ငံတော်သမ္မတ၏ ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင်ဒေါက်တာရင်ရင်နွယ် ပြောကြား

ပညာရေး သည် နိုင်ငံရေးကစားကွက်မဖြစ် သင့်ဟု နိုင်ငံတော်သမ္မတ၏ပညာ ရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်း ဆောင် ဒေါက်တာရင်ရင်နွယ်က ပြော ကြားလိုက်သည်။

နိုဝင်ဘာ ၃ဝရက်က ကုန် သည်စက်မှုအသင်းချုပ်တွင် ပြုလုပ် သည့် မြန်မာနိုင်ငံစီးပွားရေးအကူး အပြောင်းဆွေးနွေးစရာနှင့်ရွေးချယ် စရာအကြောင်းအရာ (Myanmar's Economic Transition ; Issues and Options) ဆိုင်ရာဟောပြော ပွဲတွင် ယင်းကဲ့သို့ပြောကြားလိုက် ခြင်းဖြစ်သည်။

သမီး ရည်းစားဆက်ဆံရေးက ဘာ့ကြောင့် ပထမဦးစားပေးမဖြစ်သင့်သလဲဆိုတာ



ကိုယ့်ချစ်သူအတွက် အချိန်ဘယ်လောက်ပဲ ပေးရပေးရ အကြောင်းမဟုတ်ဘူးလို့ ခံယူထားသူနဲ့ ချစ်သူဖြစ်ရတာထက် ပျော်စရာကောင်းတာ မရှိပါဘူး။ သို့ပေမဲ့ တစ်ခါတစ်လေကျတော့ တစ်ချိန်တစ်ခါက ရှိခဲ့တဲ့ မိမိချစ်သူစုံတွဲဘဝရဲ့ ပျော်ရွှင်ချမ်းမြေ့မှု၊ မိမိဆုံးရှုံးသွားခဲ့တဲ့ လူတစ်ဦးယောက်ကို မိမိအတွေးထဲ ဆွဲသွင်းတတ်ကြပါတယ်။

အချစ်နဲ့ပတ်သတ်ရင်သိပ်ပြီး သည်းခံနိုင်တဲ့သူထဲမှာ မပါဘူးဆိုတဲ့ စံရတီမိုးမြင့်


စံရတီမိုးမြင့်ဟာ အချိန်တိုတိုအတွင်းမှာ ပရိသတ် လက်ခံအားပေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်ကား တော်တော်များများမှာလဲ သူမရဲ့ ကာရိုက်တာတွေ၊ သရုပ်ဆောင်ချက်တွေက ပရိသတ်နဲ့အတော်အတန်နီးစပ်ခဲ့သလို နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူပါ။ အကယ်ဒမီပေးပွဲလည်း နီးပြီဆိုတော့ ပထမဆုံး အကယ်ဒမီပွဲတက်ဝတ်စုံအကြောင်းနဲ့ ဒီနှစ်အကယ်ဒမီအတွက် ရင်ခုန်သံကို မေးကြည့်လိုက်တော့ သူမက “၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး သူ့ရဲ့စိတ်ခံစားချက်ကိုတော့ ဒီနှစ်က သဇင်နွယ်ပိုးထည်တိုက်၊ ဒီဇိုင်နာက ကိုမျိုးမင်းစိုးပါ။ အရောင်က စိတ်ကြိုက်မရွေးရသေးဘူး။ ရွေးနေတုန်းပဲ။ ဒီနှစ်က MEP မှာဆိုတော့ ကောင်းပါတယ်။ air con လဲနိုင်တယ်။ ခါတိုင်း ပုံမှန်အ၀တ်အစားတွေနဲ့တောင် လူကချွေးတွေ ထွက်ပြီး စိတ်ပျက်ဖို့ကောင်းတာ ခုလိုပွဲဆိုတော့ ၀တ်ထားစားထားတာတွေကြောင့် စိတ်အိုက်ရတယ်ပေါ့။

နေတိုး ကမ်းလှမ်းလို့ ရုပ်ရှင်ရိုက်မယ့် ရတနာမိုင်



နေတိုး၏ ကမ်းလှမ်းမှုကြောင့် ရုပ်ရှင်ကားကြီးတစ်ကားတွင် အဆိုတော်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရတနာမိုင်ကပြောသည်။

‘‘ရိုက်မယ့်ရက်တော့ အတိအကျတော့မသိရသေး ဘူး။ ကာရိုက်တာကတော့ အပြင် Lifeအတိုင်းအဆိုတော်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရမှာပါ’’ဟု ရတနာမိုင်ကပြောသည်။ ပထမဆုံးရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းဖြစ်သောကြောင့် ရင်ခုန်နေသကဲ့သို့ အ၀တ်အစားနှင့်ပတ်သက်၍ ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။

Friday, November 28, 2014

နိုင်ငံကို ချစ်လျှင် အလံကို ချစ်ပါ - သိန်းထက်အောင်


လွန်ခဲ့သောအပတ်က ပန်းဆိုးတန်းဘက်သို့ ပင်စင်လစာသွားထုတ်ပြီး အပြန် တွင် ကုန်သည်လမ်း ပေါ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်သို့ဝင်ကာ လိုအပ်သော စာအုပ်များကို ဝယ်ယူပါသည်။ ထို့နောက် ကျွန်တော် သည် ကုန်သည်လမ်း ကိုဖြတ်ကူးပြီး လမ်းတစ်ဖက်ရှိကား မှတ်တိုင်မှ ဘတ်စ်ကားစီးပြီးပြန်လာရာ ဆူးလေဘုရား လမ်းကိုကျော်သည်နှင့် ကုန်သည်လမ်းမပေါ်တွင် ယခင် က ခြောက်ထပ်ရုံးဟုကျော်ကြားခဲ့သည့်ရုံးကြီး၏နောက် ကျောကိုတွေ့မြင် လိုက်ရပါသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏လက်သို့ လွှဲပြောင်းပေး လိုက်သည်ဟု ယူဆရပြီး သစ်လွင်တောက်ပသော ဆေးရောင်များဖြင့် လှပနေသော်လည်း တစ်ချိန်က ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ရုံးထိုင်ခဲ့ပြီး ကျွန်တော်တို့တစ်တွေ အလုပ် ဝင်စာမေးပွဲဖြေဆိုသည်မှအစ နောက်ပိုင်းလည်း မကြာ ခဏဝင်ထွက်ခဲ့သောရုံးကြီးဖြစ်၍ လွမ်းမိသလိုလိုပင် ဖြစ်မိပါသည်။ 

နိုင်ဂျီးရီးယားတွင် ပလီအတွင်း ၀င်ရောက်တိုက်ခိုက် မှုကြောင့် လူ ၈၀ ကျော် သေဆုံး

ကာနို၊ နိုဝင်ဘာ ၂၉။ နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းရှိ အကြီးဆုံးမြို့ ဖြစ်သော ကာနိုတွင် သောကြာနေ့က ပလီတစ်ခု အတွင်း ၀တ်ပြု ဆုတောင်းသူများဖြင့် စည်ကားနေစဉ် သေနတ်သမားများက ၀င်ရောက် တိုက်ခိုက် ခဲ့သောကြောင့် အနည်းဆုံး လူ ၈၁ ဦး သေဆုံး ခဲ့သည်။

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ


ရှေးခေတ် မြန်မာ သူရဲကောင်း တဦး (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
ကိုဇော်ရဲမြင့်နှင့် ကိုမြင့်ကျော်သူ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

ဂိမ်းတွင်ပါဝင်သည့် ဇာတ်ကောင် တချို့ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

ဂိမ်းအထူးပြုလုပ်ချက်တခု ဖန်တီးထားပုံ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

တိုင်းပြည်၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရန်နှင့် သမိုင်းဝင် အမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ရာတွင် အထောက်အကူ ဖြစ်စေရန် Digital နည်းပညာကို အသုံးပြုရေး စိတ်ကူးကောင်း တခုကို အကောင် အထည်ဖော်ရန် မြန်မာနိုင်ငံမှ ဗီဒီယိုဂိမ်း ရေးဆွဲသည့်အဖွဲ့တခုက အကြံရခဲ့ကြသည်။

ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် ဆယ်ကျော်သက်တွေ စားသုံးပေးသင့်တဲ့ အစားအစာများ


ဆယ်ကျော်သက်များဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သူတို့ရဲ့ စားသောက်မှုပုံစံတွေနဲ့ ပတ်သက်လို့ မကြခဏဆိုသလို ကြားသိရပါတယ်။ လက်လှမ်းမှီရာ အရသာရှိ စားသောက်စရာ မှန်သမျှကို စားသုံးကြရမှာပဲဖြစ်တယ်။ ဆယ်ကျော်သက်ဆိုတဲ့ ကာလဟာ ကိုယ်ကာယဖွံ့ဖြိုးခြင်းနဲ့ အရွယ်ရောက်လာမယ့်အချိန်ကာလအတွက် ခန္ဓာကိုယ်အနေအထားကို ချိန်ညှိပေးတဲ့ ဖွံ့ဖြိုးမှုရဲ့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်တစ်ယောက်မှာ ကယ်လိုရီမှတဆင့်ရရှိတဲ့ စွမ်းအင်အမြောက်အများ လိုအပ်ပါတယ်။ သူတို့ရဲ့ နေ့စဉ် ကယ်လိုရီစားသုံးမှု ၂၅၀၀-၃၀၀၀ ပမာဏပြည့်တင်းစေဖို့ ပရိုတိန်းဓာတ်၊ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်များစွာကိုလည်း လိုအပ်ပါတယ်။

Thursday, November 27, 2014

၈ နှစ် အရွယ် ကတည်း က ကလေး သရုပ်ဆောင် အဖြစ် ဇာတ်ကားတွေ စတင် ရိုက်ကူးခဲ့တဲ့ ၀ါဆိုမိုးဦး


ဝါဆိုမိုးဦး က ကလေး သရုပ်ဆောင် အနေ နဲ့ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားပေါင်း ၂ဝ ကျော် ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ကလေး သရုပ် ဆောင် အနေနဲ့ စတင် ရိုက်ကူး ခဲ့စဉ်က ၈ နှစ် အရွယ် ရှိပြီဖြစ်ပြီး အနု ပညာရှင်များစွာ ပါဝင်တဲ့ နိုင်ငံတော် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ခဲ့တာဖြစ်ကြောင်း ဝါဆိုမိုးဦး က ပြောပါတယ်။ ကလေး သရုပ်ဆောင် အဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံ များကို ဝါဆိုမိုးဦးက “ကလေး သရုပ်ဆောင် လုပ်တုန်းက ခရီးတအား သွားရတယ်။ နယ်စပ် တွေ သွားရတယ်။ တရုတ်ပြည် နယ်စပ်၊ သံလွင်မြစ်ဘက် ကိုသွား ရတယ်။ မော်ကင်း ဥဒါန်းဇာတ် ကားကြီးဆိုရင် ဆလုံကျွန်း ရောက်သွားတယ်။ ငယ်ငယ်တုန်း က ပိုပျော် ဖို့ကောင်းတယ်။ ကလေး ဆိုတော့အ ကုန်လုံးက ဝါဆို့ကို ချစ်ကြတယ်။ အစ်မ တွေ၊ အစ်ကိုတွေ ကြား မှာ ပျော်စရာကြီးပဲ။ ဝါဆိုကငယ် သေးတော့ ဝါသနာ ပါလို့ပါမှန်း မသိဘူး။ အန်တီ ရဲ့အိမ်မှာ လာရိုက် ရင်း နဲ့ ကလေးသရုပ်ဆောင် လုပ် ပါလားလို့ ပြောတော့ရိုက် ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

သရဖူ အသိမ်းခံခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါတော့ တကယ်သွားပြိုင်ရပြီ

လွန်ခဲ့တဲ့ လေးလလောက်က Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံထားရပြီး တူရကီနိုင်ငံကို သွားပြိုင်ခါနီး ၁၀ ရက်လောက်အလိုမှ Organization ဘက်က သရဖူ (crown) ပြန်သိမ်းခဲ့လို့ သွားမပြိုင်လိုက်ရတဲ့ အလှမယ် ဂျူးစံသာကို မှတ်မိကြဦးမလားပဲ။


ဓာတ်ပုံ - Miss Golden Myanmar Organization official facebook

ဒီလို အသိမ်းခံခဲ့ရတဲ့အကြောင်းဟာ ဖေ့ဘုတ် လူမှုကွန်ရက်တွေမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့လို့ နောက်ပိုင်းအလှမယ်တွေ မယ်အဖြစ် အရွေးခံရရင်တောင် “ကရာင်းအသိမ်းခံရမယ်နော် ကိုယ့် ကရာင်းကိုယ်ဖွက်ထား” ဆိုတဲ့ အထင်တွေ အမြင်တွေလည်း ပလူပျံနေခဲ့တာ ဒီကနေ့အထိပေါ့။

သူမဟာ ဒီတခါတော့ Miss Tourism Myanmar 2014 အဖြစ် အရွေးခံရပြီး Miss Tourism 2014 ပြိုင်ပွဲကို သွားပြိုင်ဖို့ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ညနေမှာ ဗင်နီဇွဲလားနိုင်ငံ (Venezuela) နိုင်ငံသို့ ထွက်ခွာတော့မှာပါ။

ပထမတခါမှာတော့ သွားခါနီး လာခါနီး သရဖူအသိမ်းခံခဲ့ရလို့ ၀မ်းနည်းခဲ့ရပြီး သတင်းစားရှင်းလင်းပွဲတွေ ပြုလုပ်ကာ ဖြေရှင်းချက်တွေ ပေးခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါမှာ နိုင်ငံတကာ စင်မြင့်ကိုတကယ်သွားရပြီဆိုတော့ သူ့ခံစားချက် ဘယ်လိုရှိနေမလဲ။

“ပထမတခေါက်တုန်းကတော့ ပျက်ခဲ့တယ်။ အခုတခေါက်မှာ တကယ် သွားရမယ်လည်းဆိုတော့ အရမ်းလည်း ပျော်နေသလို အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ်လုပ်ချင်တဲ့ အရာတခုကို လုပ်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေပါတယ်။ ကိုယ်နဲ့ အသိလည်း တယောက်မှ မရှိ၊ မြန်မာလူမျိုးလည်း တယောက်မှ မရှိတဲ့နိုင်ငံမှာ သွားပြိုင်ရမှာဆိုတော့ တော်တော်တော့ စိတ်လှုပ်ရှားနေပါတယ်” လို့ အလှမယ် ဂျူးစံသာ ပြောပါတယ်။

အလှမယ် ဂျူးစံသာကို Miss Golden Land Myanmar Organization က ၎င်းရဲ့ တရားဝင်ဖေ့ဘုတ် စာမျက်နှာကနေ တဆင့် ပရိတ်သတ်ရဲ့ အဆုံးအဖြတ်နဲ့ Miss Tourism Myanmar 2014 အဖြစ် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပမယ့် Miss Tourism 2014 ပြိုင်ပွဲကို နိုင်ငံပေါင်း ၈၀ ကျော်က ကိုယ်စားပြုအလှမယ်တွေ လာရောက်ယှဉ်ပြိုင်ကြမှာပါ

ဧရာဝတီ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမဖြစ်သူ ရာထူးအဆင့်ကို ထုတ်ပြန်


မြောက်ကိုရီးယားနိုင်ငံသည် ခေါင်းဆောင်ကင်ဂျုံအွန်း၏ ညီမဖြစ်သူ၏ တရားဝင်ရာထူးအဆင့်ကို နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ပြောကြားလိုက်သည်ဟု သိရသည်။ သူမသည် အစ်ကိုဖြစ်သူ ကင်ဂျုံ အွန်း၏ အနီး ကပ် လက်ထောက်တစ်ဦး ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေသူ တစ်ဦး ဖြစ်သည်။