Monday, June 11, 2018

ကင်ဂျုံအန်း စင်ကာပူရောက်နေသည့် ဓာတ်ပုံများ မြောက်ကိုရီးယား ရုပ်သံမှ ထုတ်လွှင့်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း စင်ကာပူနိုင်ငံ ရောက်ရှိနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRT ရုပ်သံကနေ ဇွန်လ ၁၁ ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ပြုံယမ်း နိုင်ငံတကာလေဆိပ်ကနေ ထွက်ခွာသွားပုံ၊ စင်ကာပူ ချန်ဂီလေဆိပ်ကို ရောက်ရှိနေပုံနဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံခဲ့ပုံတွေကို ထုတ်လွှင့်ပြသခဲ့တာပါ။

အခုထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူနိုင်ငံတဝန်း လုံခြုံရေး တင်းကျပ်ထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ သမိုင်းတွင်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ အမေရိကန်ရဲ့ စီးပွားရေး အထောက်အပံ့ကိစ္စ ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment