Thursday, August 2, 2018

စမတ်ဖုန်းမှန်များ ကွဲအက်ပါက ဆက်လက်မသုံးစွဲသင့်ဟု ဆို


စမတ်ဖုန်းမှန်များကွဲအက်ပါက  ဆက်လက်မသုံးစွဲသင့်ကြောင်းနှင့်  ကလေးငယ်များ ကိုက်မိပါက မှန်ကွဲစများ မှာ လည်ချောင်းထဲသို့  ၀င်ရောက်နိုင်ခြေရှိဟု နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ၀င်းထိုက်ကြည် က အကုန်သိသတင်းဌာနသို့ ပြောသည်။

’’ကွဲနေတဲ့ဖုန်းကို အဓိက ဆက်မသုံးတာက အကောင်းဆုံးပဲ။ ဒါကိုမှ ဆက်သုံးတယ်ဆိုရင် ကိုယ့်မှာ ကလေးငယ် ရှိရင် ကလေးက မတော်တဆ ဒီဖုန်းကွဲကို ကိုက်မိလို့ လည်ချောင်းထဲ မှန်ကွဲစ ၀င်နိုင်ခြေ ရှိတယ် ။ အဲဒီလိုဖြစ်လို့ ရောက်လာတဲ့ လူနာတော့ အခု လောဆယ်တော့ မရှိသေးဘူး ။ ဒါပေမယ့် သတိထားဖို့လိုတယ်’’ဟု ၄င်းက ပြောသည်။

စမတ်ဖုန်းများသည် မှန်များဖြင့် လုပ်ထားသဖြင့် ကွဲ နိုင်ခြေ ရာခိုင်နှုန်းပြည့်ရှိပြီး အချို့သော သူများမှာ ဖုန်းမှန်များ ကွဲအက်သော်လည်း လဲလှယ်ခြင်း အသစ်ထပ်မံ ၀ယ်ယူခြင်း မပြုဘဲ ၄င်းစမတ်ဖုန်းကွဲကိုသာ ဆက်လက် အသုံးပြုလျက်ရှိသည်။

စမတ်ဖုန်းမှန်များ ကွဲအက်ပါက လဲလှယ်ပေးသည့် နှုန်းထားမှာ ကျပ်ငွေသောင်းဂဏန်းဝန်းကျင် သာ ရှိသော်လည်း လဲလှယ်ရခြင်းကိုပြုလုပ်သူ အလွန်ပင် နည်းပါးကြောင်း သိရသည်။ လက်ရှိတွင် စမတ်ဖုန်းတစ်လုံးလျှင် ကျပ်ငွေငါးသောင်းမှ ကျပ်ငွေ တစ်သိန်းကျော် ၊ နှစ်သိန်းကျော် ၊ သုံးသိန်းမှ လေးသိန်းအထိ ပေါက်ဈေးရှိကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment