COVID-19 ကပ်ရောဂါ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအပေါ်သက်ရောက်မှုအား အလေးထား ဖြေရှင်းသွားမည်ဖြစ်ကြောင်း G20 အဖွဲ့ဝင် ပညာရေးဝန်ကြီးများက ဇွန် ၂၇ ရက်ဗွီဒီယိုအစည်းအဝေးတွင် ကတိပြုခဲ့ကြကြောင်း သိရှိရသည်။
ယင်းနေ့အစည်းအဝေးတွင် G20 အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ ပညာရေးဝန်ကြီး amad bin Mohammed Al Al-Sheikhက အမှာစကားပြောကြားရာတွင် ကပ်ရောဂါဂယက် ပညာရေးကဏ္ဍအပေါ် ရိုက်ခတ်မှုကို အများဆုံးလျှော့ချနိုင်ရန်အတွက် ပညာရေးကဏ္ဍ ဦးဆောင်သူများအနေဖြင့် မူဝါဒ၊ ဖွဲ့စည်းပုံ၊ လူမှုအဖွဲ့အစည်းနှင့်ဘဏ္ဍာရေးပေါ်အခြေခံ၍ ထိရောက်သည့်နည်းလမ်းများ ဆောင်ရွက်လျက်ရှိရာ ၎င်းတို့အနက် ဖြေရှင်းရန်နည်းလမ်းအမြောက်အမြားကို G20 အဖွဲ့ဝင်များက တင်ပြထားပြီး အကျပ်အတည်းကာလတွင် အကောင်းဆုံးအတွေအကြုံနှင့် နည်းလမ်းများကို မျှဝေသွားရန်၊ ပညာရေးစနစ် ကြံ့ခိုင်စေရန် ပညာသင်ကြားမှုများ တိုးတက်ကောင်းမွန်စေရန် အားကောင်းသည့်ဖန်တီးမှုရှိသည့်နည်းလမ်းများကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေး၏ကြေညာချက်တွင် ဖော်ပြထားသည်။
COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ရန် နည်းလမ်းများသည် ပညာရေးနှင့် လူမှုဘဝ၏ ကဏ္ဍအမြောက်အမြားကို ပြောင်းလဲလျက်ရှိရာ အမျိုးသမီး၊လူငယ်လူထုအပါအဝင် အားနည်းသည့် လူစုအပေါ် သက်ရောက်မှုက ပို၍ ကြီးမားကြောင်း၊ နည်းပညာနှင့် ဒီဂျစ်တယ် ဖြေရှင်းရေး နည်းလမ်းများစသည်တို့ကို စူးစမ်းလေ့လာကာ ပညာရေးကဏ္ဍဆက်လက်တိုးတက်အောင် ပညာရေးဝန်ကြီးများက အားပေးထောက်ခံဆောက်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

crd-Xinhua #Myanmar_Online_News
>>zawgyi<<
ပညာရေးကဏ္ဍအပေါ် အလေးထားဖြေရှင်းရန် G 20အဖွဲ့ ပညာရေးဝန်ကြီးများ ဆွေးနွေး
Sunday, June 28, 2020

No comments:
Post a Comment