အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးကို သြစတြေးလျနိုင်ငံ မြို့တော်၊ ကင်ဘာရာမှာ လာမယ့် သီတင်းပတ်အတွင်း ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အကြီးတန်း သြစတြေးလျအရာရှိတွေ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာဌာနတွေက အရာရှိတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။
Thursday, July 28, 2022
သေဒဏ်ပေးသည့်အပေါ် ထောက်ခံပွဲ ဘူးလက်လှဆွေ ဦးဆောင်ပြုလုပ် (ဓာတ်ပုံ)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကန့်ကွက်ရှုတ်ချပြီး သေဒဏ်ပေးတဲ့အပေါ် ထောက်ခံတဲ့ပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေမှာ ဘူးလက်လှဆွေကဦးဆောင်ပြီး လူအင်အားရာနဲ့ချီ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြင်ပဒေါ်လာပေါက်စျေး ၂၈၀၀အထိရှိလာ
ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာငွေ စျေးနှုန်းဟာ ကြိုက်ရောင်းကြိုက်ဝယ်စျေးအနေနဲ့ တစ်ဒေါ်လာကို ၂၈၀၀ ကျပ်စျေးပေါက်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ နိုင်ငံတော်မှာ အရန်ငွေ လုံလုံလောက်လောက်ရှိတယ်ဆိုပြီး ထုတ်ပြောလာပါတယ်။


