Friday, May 29, 2020

COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် တောင်ကိုရီးယား၌ စာသင်ကျောင်းများ ပြန်လည်ပိတ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူအများအပြား ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် မကြာသေး မီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်း ၂၀၀ ကျော်ကို ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဦးတီခွန်မြတ်အား တာဝန်မှ ရုတ်သိမ်းရေး အရေးကြီးအဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ်၂၀ဦးကျော် ဆွေးနွေးရန် စာရင်းပေးထားကြောင်းသိရ

ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ ဦးတီခွန်မြတ်အား ရာထူးမှ ရုတ်သိမ်းပေးရန် မတ်လ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် က အရေးကြီး အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့နယ် ကျောက်ဖျာ ဆိပ်ကမ်းတွင် ဝါလတ်လှေတစ်စီး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၊ ပြည်တန်တံတားတွင် မေလ ၂၉ ရက်၊ ည ၈ နာရီ ၄၅ မိနစ်ခန့်က တံတားထိပ်တွင်ဆိုက်ကပ်ထားတဲ့ ဝါလတ်လှေတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။

နှာခေါင်းစည်းတပ်ဆင်ခြင်းအားလိုက်နာမှုမရှိပါက စီးပွားရေးလုပ်ငန်းတို့ကို ယခင်အတိုင်းပြန်လည်ပိတ်ထားမည်ဟုနယူးယောက်မြို့တော်ဝန် Cuomoကပြောကြား

နယူးယောက်မြို့တော်ဝန် Andrew Cuomoမှ စီးပွားရေးလုပ်ငန်းများအတွင်းသို့ နှာခေါင်းစည်းမတပ်ဘဲဝင်ရောက်လာသူတို့ကို တားမြစ်ပိုင်ခွင့် အာဏာကို လုပ်ငန်းရှင်များသို့ပေးအပ်ကြောင်းနှင့် ထိုသို့နှာခေါင်းစည်းတပ်ဆင်ရေးအတွက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအား တားဆီးရာတွင် အထိရောက်ဆုံးသောအရာဖြစ်ကြောင်းမေလ(၂၈)ရက်နေ့ကပြောကြားသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့သော ဘာသာရေးစုရုံးပွဲတက်ရောက်ခဲ့မှုနှင့် ဆက်နွယ်လျှက် မြန်မာနိုင်ငံသား ၂၂ ဦးကို ဂါယာလေဆိပ်၌ အိန္ဒိယ ထိန်းသိမ်း

ဗုဒ္ဓဟူးနေ့ အိန္ဒိယနိုင်ငံ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်မြို့သို့ ထွက်ခွာမည့် ခရီးသည်များအနက် မြန်မာနိုင်ငံသား ၂၂-ဦးတို့ကို အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းခဲ့ရာ ၎င်းတို့မှာ လွန်ခဲ့သည့် မတ်လ နယူးဒေလီမြို့ရှိ နီဇာမတ်ဒင်တွင် ကျင်းပသော “ တဗ်လိုက်ဂျာမာ့သ် “ ဘာသာရေးစုရုံးပွဲသို့ တက်ရောက်ခဲ့ကြောင်း စွပ်စွဲခြင်းခံရသူများဖြစ်သည်ဟု အိန္ဒိယအခြေစိုက် Hindustan Times က ယနေ့ရေးသားသည်။

ထိုင်း - မြန်မာနယ်စပ်အနီး ချင်းမိုင်ခရိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းကျော်အား ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ထိုင်း - မြန်မာနယ်စပ်နှင့်ထိစပ်နေသော ဝိန်းဟဲန်မြို့နယ် ပျင်းလုံကျေူရွာအုပ်စု ဘန့်ဟင်သွဲ့ရွာအနီးရှိတောလမ်းတစ်ဝိုက်တွင် မေလ ၂၉ ရက်နေ့ မနက် ဝ၃:၃၀ မိနစ်ချိန်တွင် ဖာမိန်း ( PAMUNG FORCR ) ဒုစစ်ကြောင်းမှူးနှင့် အမှတ် ( ၁ ) ရှေ့ပြေးမြင်းတပ်မ ၊ ဒုတပ်မမှူး မှူးကြီး Narit Htawonvong တို့ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ထုတ်နှုတ်တိုက်ကင်း ၊ ကင်းပုန်းအဖွဲ့တို့သည် နယ်မြေစိုးမိုးရေးအတွက် နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ကျောပိုးအိပ်ကိုယ်စီလွယ်ထားသည့် လူအင်အား ၁၀ ဦးခန့်ရှိသည့်အဖွဲ့ ( အမည်မသိ ) သည်သဘာဝလမ်းကြောင်းအတိုင်းဝင်ရောက်လာသဖြင့် ရပ်တန့်စစ်ဆေးရန်ကြိုးစားစဉ် အိပ်များချကာအမှောင်ထုကို အမှီပြု၍ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယနဲ့ တရုတ်ကြား နယ်နိမိတ် ပြဿနာ စေ့စပ်ပေးဖို့ Trump ကမ်းလှမ်းချက် နှစ်နိုင်ငံလုံး ပယ်ချ

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား လက်ရှိဖြစ်နေတဲ့ နယ်နိမိတ်အငြင်းပွားမှု ပြဿနာကို ကြားဝင်ဆောင်ရွက်ပေးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကမ်းလှမ်းလိုက်တဲ့အပေါ်မှာ နှစ် နိုင်ငံစလုံးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရပါတယ်။

ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်ရာတွင် မြဝတီနယ်စပ် BCF ဇုန်နဲ့ မြို့တွင်းငွေလဲနှုန်း ထိုင်းငွေ(၃၀)ဘတ်ခန့် ကွာဟမှုရှိနေ

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ကရင်ပြည်နယ် မြဝတီနယ်စပ်ရှိ ထိုင်းပြန်မြန်မာလုပ်သားများအား လက်ခံကြိုဆိုရေးနေရာ BCF ဇုန်တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်ပေးရာတွင် ဘတ်ငွေ ၂၃၈၀ ဘတ်ကို မြန်မာငွေ ၁ သိန်းနှုန်းဖြင့် လဲလှယ်ပေးလျက်ရှိပြီး မြဝတီမြို့တွင်း ငွေလဲလှယ်မှုစျေးနှုန်းနှင့် ထိုင်းငွေ ၃၀ ဘတ်ခန့် ကွာဟမှုရှိနေကြောင်း သိရသည်။

မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၉၁) ဦး ထမ်မံဝင်ရောက်

မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီမှ ညနေ (၆)နာရီအချိန်ထိ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၉၁)ဦး ထပ်မံဝင်ရောက်ကြောင်းသိရသည်။

ကွတ်ခိုင်မြို့အနီးတွင် တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား TNLA အကြမ်းဖက်၈၀ ဦးခန့်က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း နမ့်ဖတ်ကာမှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော တပ်မတော် အုပ်ချုပ်မှုယာဉ်တန်းတစ်ခုအား TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၈၀ ဦးခန့်က ကွတ်ခိုင်မြို့မရောက်မီ နမ့်ကွတ်ကျေးရွာမြောက်ဘက် မီတာ ၁၅၀၀ ခန့်နေရာတွင် အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မလေးရှားက Covid-19 Positive လူနာ(၇)ဦးနဲ့ Facility Quarantine ဝင်နေသူ ၂၈ ဦးတို့အား ဧရာဝတီဖောင်ဒေးရှင်း ကူညီ၊ ပြည်ပပြန်အားလုံးကို စာနာကြောင်း ဦးဇော်ဇော် ဆို

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံ အသီးသီးက ပြန်ရောက်လာသူ (၅၀၀)ကျော်ကို မိမိတို့ရဲ့ Quarantine စင်တာမှာ အဆင်ပြေစွာ နေထိုင်၊ စားသောက်နိုင်စေဖို့ မေတ္တာဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှရုပ်သိမ်းရန် အဆိုကို ဇွန်လ ၁ ရက်နေ့တွင် ဆွေးနွေးမည်

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှရုပ်သိမ်းရန် အဆိုကို လာမည့် ဇွန်လ(၁)ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အစီစဉ်လျာထားချက် အရ သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် တပ်မတော် ယာဉ်တန်းကို TNLA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်

တပ်မတော်ကအပစ်အခတ်ရပ်စဲထားသော ကာလအတွင်း ယနေ့နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာအနီးဝန်းကျင်တွင် မူဆယ်မှဆင်းလာသည့် တပ်မတော်ယာဉ်တန်းကို TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လူနာသစ် (၁) ဦးတွေ့ရှိ၊ စုစုပေါင်း ၂၀၇ ဦးရှိလာ

၁။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၄၆၉)ခုနှင့်အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၂) ခု၊စုစုပေါင်း (၅၆၁)ခုအား ယနေ့၊ ညနေပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ -

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ဇွန်လ ၁၅ ရက်နေ့အထိ ရပ်ဆိုင်း

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ဇွန်လ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်သွားမည် ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ပြန်လည်များပြားလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ပြီး ဆိုးဝါးလာပါက စည်းမျဉ်းတွေ အားလုံးပြန်လည်ပြဌာန်း သွားမည်

တောင်ကိုရီးယားနိုင်ငံတစ်ဝန်းက ကျောင်းတွေပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြား လာတဲ့အတွက် ကျောင်းပေါင်း ၂၀၀ ကျော်ကို ပြန်ပိတ်လိုက်ရာ ကျောင်းသားတွေဟာ အွန်လိုင်း စာသင်ခန်း ကို ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်။

အမေရိကန်၏နိုင်ငံခြားရေးပေါ်လစီလှုပ်ရှားမှုသည် အန္တရာယ်ရှိကြောင်းရုရှားနိုင်ငံမှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့

ဝါရှင်တန်မှ စစ်ဘက်ဆိုင်ရာသဘောတူစာချုပ်တို့မှနှုတ်ထွက်ခြင်းနှင့် အီရန်နိုင်ငံအပေါ်ဖိအားပေးခြင်းသည် အမေရိကန်နိုင်ငံအနေဖြင့် မတွက်ဆနိုင်လောက်သောအန္တရာယ်ရှိသည့်အရာကိုဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံမှ မေလ၂၈ရက်နေ့တွင် ပြောကြားသွားခဲ့သည်။

ချေးငွေ ကျပ်သိန်းပေါင်း (၈)သောင်းနီးပါး ပြန်လည်ပေးဆပ်လိုတဲ့အတွက် ကမ္ဘောဇဘဏ်က တရားစွဲဆိုထားသည့် Yangon Water Bus ပိုင်ရှင် တရားရုံးသို့ လာရောက်ခြင်းမရှိ

ကမ္ဘောဇဘဏ်က တရားစွဲဆိုထားတဲ့ Yangon Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်ဟာ မေ(၂၉)ရက်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို လာရောက်ခြင်းမရှိတာကြောင့် ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာငြိမ်းက ပြောပါတယ်။

ဟားခါးမြို့မှ ကိုဗစ်လူနာအမှတ်(၁၅၀) Home Quarantine (၁၄)ရက် ပြည့်သွားပြီဖြစ်၍ ပုံမှန်သွားလာခွင့်ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့က ဆေးရုံဆင်းခွင့်ရထားတဲ့ ကိုဗစ်လူနာအမှတ်(၁၅၀) အမျိုးသမီးဟာ Home Quarantine ရက်ပြည့်သွားပြီဖြစ်တာကြောင့် မေ(၂၉)ရက်က ပုံမှန်သွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်က ပြောပါတယ်။