Wednesday, January 7, 2015

စန္ဒီမြင့်လွင်၏ ကလီယိုပါထရာဒီဗီဒီ ဇန်န၀ါရီတတိယပတ်တွင် ထွက်မည်


တတိယမြောက် တစ် ကိုယ်တော်တေးစီးရီး ကလီယို ပါထရာဒီဗီဒီကို ယခုလ ၁၇ ရက် တွင် ဖြန့်ချိတော့မည်ဟု သရုပ် ဆောင်တေးသံရှင်စန္ဒီမြင့်လွင်က ပြောသည်။

အခွေထွက်ရှိမည့်နေ့တွင် Junction Square ၌ ပရိုမိုးရှင်းပွဲ ကိုညနေ ၄ နာရီတွင် ပြုလုပ်သွား မည်ဖြစ်ပြီး ဦးစွာဝယ်ယူသူ ပရိသတ် ၁၀၀ အား အမှတ်တရအင်္ကျီနှင့် ဦးထုပ်များ လက်ဆောင်ပေး သွားမည်ဖြစ်သည်။‘‘ဒီးဒီး ဒီအခွေလေးကို အရှေ့က နှစ်ခွေနဲ့ ရိုက်ကူးမှုပိုင်းမှာ ရော မတူအောင်လို့ သေချာလုပ် ထားပါတယ်’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

ကလီယိုပါထရာသီချင်းကို တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူ ထူးခြားသည့် ပုံစံမျိုးဖြင့် တွဲဖက်တင်ဆက်ထားသည်ဟု ဆိုသည်။

စန္ဒီမြင့်လွင်သည် ပထမဆုံး တစ်ကိုယ်တော်အခွေ ဆေးရောင် လှလှ ခြယ်ရအောင်နှင့် ဒုတိယ တစ်ကိုယ်တော်အခွေ ရှော့ခ်တို့ ထွက်ရှိထားသည်။

7Day Daily

0 comments:

Post a Comment