Wednesday, January 7, 2015

၂ဝ၁၄ခုနှစ်မှ ၂ဝ၁၅ခုနှစ် အပြောင်းနက္ခတ်ဗေဒင် တစေ့တစောင်း



နက္ခတ်ဗေဒင်ပညာရပ်အရ ၂ဝ၁၅ ခုနှစ်ကူး ဟောကိန်းမထုတ်မီ ပြီးခဲ့သော ၂ဝ၁၄ခုနှစ်အတွင်း ထင်ရှားသောအဖြစ်အပျက်များနှင့် ကောင်းကင်ဂြိုဟ်များ ဆက်စပ်မှု တချို့ကို ပြန်သုံးသပ် ရန် လိုအပ်ပါလိမ့်မည်။ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ် တစ်လျှောက်လုံး ထူးခြား သောအနောက်တိုင်း ‘ဂြိုဟ်မြင်’ အခြင်းအရာတစ် ခုရှိပါသည်။

ဤသည်က..ယူရေးနပ်-ပလူတို စနေလွန် ပါပ ဂြိုဟ်၂လုံး ကိန်းခံခြင်းဖြစ်ပါသည်။ ဤကဲ့ သို့ ကိန်းခံခြင်းကို ၂ဝ၁၃ခု နိုဝင်ဘာလ ခန့်က စတင်လိုက်ရာ ၂ဝ၁၄ ခု ဧပြီ-မေလ ခန့်တွင် ‘ပလူတို-ယူရေးနပ်-ကြာသပေး-အင်္ဂါ’ ဂြိုဟ် ၄လုံးတို့သည် သာယနစနစ်အရ စရရာသီခွင် များ၌ ‘ဂရန်း-တီ-စကွဲယား’-(Grand-T-Square)ဂြိုဟ်ကြီး ၄လုံး ကိန်းခံ ခဲ့ပါသည်။

ထို့ကြောင့်လည်း ကမ္ဘာတစ်လွှား အနိ ဋ္ဌာရုံ ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပါသည်။

ထိုစဉ်က ယူကရိန်းနိုင်ငံအတွင်း ရုရှား နိုင်ငံက ဝင်ရောက်စွက်ဖက်ပြီး ခရိုင်းမီး ယားဒေသကို ခွဲထွက်စေကာ၊ ရုရှားနိုင်ငံ အတွင်း သွတ်သွင်းခဲ့ပါသည်။ ထိုစဉ်အ တွင်းပင် ‘ဆွမ်းခံရင်းငှက်သင့်’ ဆိုသလို ယူ ကရိန်းလေကြောင်းပိုင်နက်၊ မြေပြင်မှ ပေ ၂ဝဝဝဝ ၌ ပျံသန်းသွားလာနေသော မလေးရှားလေကြောင်းပိုင်M17 ခရီးသည် တင်လေယာဉ် အား မြေပြင်မှ ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်ခြင်းခံခဲ့ရပါသည်။

ထို့အတူ ၂ဝ၁၄ မတ်လ ၈ရက်နေ့က လည်း မလေးရှားလေကြောင်း M370 လေ ယာဉ်သည်မလေးရှားမှ တရုတ်နိုင်ငံသို့ ပျံသန်းနေစဉ်အတွင်း လျှို့ဝှက်ဆန်းကြယ် စွာပျောက်ဆုံးခဲ့ပါသည်။

အလားတူ အာဖရိကတိုက်နိုင်ငံအချို့၌ ‘အီဘိုလာ’ ရောဂါဖြစ် ပွားခဲ့ရာ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည်။

၂ဝ၁၄ခုနှစ်သည် အမျိုးသမီးများညှဉ်းပန်းနှိပ်စက်ခံရမှုများသော နှစ်ဟုဆိုသော် မမှားချေ။ ထို့အတူ မိမိတို့၏မြို့ကို တိုက်ခိုက်လာသော အိုင်ဆစ် (ISIS)အဖွဲ့အား ရွပ်ရွပ် ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည့် ကိုဘာနီမြို့ အမျိုးသမီးတပ်မမှူး ဦးဆောင်တိုက်ခိုက်ခဲ့သောအမျိုးသမီးတပ်ဖွဲ့ဝင် များ၏ ရဲစွမ်းသတ္တိကို ကမ္ဘာက ချီးကျူးထောပနာပြုခဲ့ရပါသည်။

၂ဝ၁၄ခုနှစ် တစ်လျှောက်လုံး အင်္ဂါဂြိုဟ်-စနေဂြိုဟ်-ရာဟုဂြိုဟ် -အစရှိသော ပါပဂြိုဟ်၃လုံးတို့သည် ကန်ရာသီ-တူရာသီ-ဗြိစ္ဆာရာသီ တို့ ရှေ့သွား-နောက်ဆုတ် (ဝကြ)လို က်နှင့် အချိန်ကြာမြင့်စွာ ရပ်တည် သည်ကိုလည်း သတိပြုနိုင်ပါသည်။

တူရာသီသည် မြန်မာနိုင်ငံ၏ တိတ်စွဲရာသီဟု ယူဆနိုင်သလို မြန်မာနိုင်ငံ လွတ်လပ်ရေးဇာတာ၌လည်း ကန်ရာသီ၌ စန်းရှိပြီး ဗြိစ္ဆာ၌ လဂ်ရပ်တည်နေသည်ကို လည်း သတိပြုသင့်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာ



ရာသီခွင်

မြန်မာနိုင်ငံ၌လည်း ၂ဝ၁၄ ခုတစ်လျှောက်လုံး ပြည်တွင်းစစ်၏ အနိဌာရုံများကို ခါးသီးစွာ မြင်တွေ့နေရသလို ကြိုကြားကြိုကြား ဘာ သာရေးအဖွဲ့အစည်းတချို့ တင်းမာမှု ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ရပ် အချို့ ကိုလည်း ကြုံတွေ့ခဲ့ရသည်။

မြန်မာလွတ်လပ်ရေးဇာတာ၌ တူရာသီသည် လဂ်မှ ၁၂ တန့်ကျနေ ပါသည်။ တိုင်းရေးပြည်ရေးဗေဒင်၌ ၁၂တန့်သည် လျှို့ဝှက်သော ရာဇ ဝတ်မှုအကွက်ချ ကြံစည်မှု-ေ ဆးရုံ၊ စစ်နှင့် ဆုံးရှုံးမှုများကို ညွှန်းပါသည်။

ထို့နောက် ၂ဝ၁၄ခု နိုဝင်ဘာလ၂ရက်ရောက်ရှိလာသောအခါ ကောဇာစနေဂြိုဟ်သည် မြန်မာ့လွတ်လပ်ရေးဇာတာ-လဂ်နှင့် ကြာသပ တေးရပ်တည်နေသော ဗြိစ္ဆာရာ သီသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါ သည်။ ဗြိစ္ဆာရာသီ၌ ဝိသာခါနက္ခတ်-အနုရာဓနက္ခတ်-ဇေဋ္ဌနက္ခတ် ၃ လုံးပါရှိသည်။ အရှေ့တိုင်းနက္ခတ်ဗေဒင်၌ တိုင်းရေးပြည်ရေးဗေ ဒင်ဟော ဆိုရာတွင် ‘ဗြို့ဟဇ်သံဟိတာကျမ်း’ကို အဓိကကိုးကားလေ့ရှိပါသည်။

ဗြို့ဟဇ်သံဟိတာကျမ်းအလိုအရ ဗြိစ္ဆာရာသီ၌ ကောဇာသွားရာ တွင် ဝိသာခါနက္ခတ်ကို ဖြတ်သန်းစဉ် ပန်ဂျပ်ပြည်နယ်အနောက်ပိုင်း၊ ဂျာ လန်ဒြဒေသ၊ တရုတ်ပြည်တို့ ဒုက္ခဆင်းရဲရောက်မည်။

နေကြာ၊ ဇာတိပ္ဖိုသီးကဲ့သို့ အဝါရောင်သီးနှံများ ပျက်စီးလိမ့်မည်။

‘ဗတို့ပလ္လ’ကျမ်းပြုဆရာ အလိုအရ ‘စစ်တိုက်ရန် ထက်သန်သူများ၊ အကြီးအကျယ်ဒုက္ခ ရောက်လိမ့်မည်’ဟု ဆိုသည်။

‘အနုရာဓနက္ခတ်’၌ ကောဇာစနေဂြိုဟ် ဖြတ်သန်းသွားစဉ် ဝန်ကြီး များ… အိုးထိန်းသည်များ၊ ဆီကြိတ်သူများ (ဆီထုတ်လုပ်သူများ ၊၊) ယာဉ်မောင်းသူများ၊ အစရှိသော ‘ဘီး’ကို ကိုင်တွယ်လုပ်ကိုင်သူများ၊ ခေါင်းလောင်းတီးသူများ၊ ‘ခေါင်းလောင်း’ လုပ်သူများ၊ ပျက်စီးဒုက္ခ ရောက်လိမ့်မည်၊ မိတ်ဆွေ(အရင်းအချာ)များ စိတ်ဝမ်းသဘောထား ကွဲလွဲကာ တသီးတခြား ဖြစ်နေလိမ့်မည်။

(အထက်ပါ အဟောသည် ၂ဝ၁၅ တစ်နှစ်လုံးနှင့်သက်ဆိုင်ပါသည်)

‘ဇေဋ္ဌနက္ခတ်၌’ကောဇာစနေ ဂြိုဟ်သန်းသွားစဉ်

ဘုရင်မင်းမြတ်များ၊ (သူတို့၏) ဆရာသမား၊ အကြီးအကဲများ၊ ဝန်ကြီးမှူးမတ်များ၊ ဂုဏ်ထူး ဆောင်အရာရှိကြီးများ၊ စစ်သူရဲကောင်း များ၊ (စစ်ပြန်အရာရှိများ) ဘာသာရေး ဆိုင်ရာစာချကျောင်းများ၊ ထိပ် တန်းသီးသန့်မိသားစုများ (elite class)၊ ကုန်သည်ကြီး (အသင်းဝင်)များ ဒုက္ခဆင်းရဲကျရောက်လိမ့်မည်။

ဇေဋ္ဌနက္ခတ်၌ ကောဇာစနေဂြိုဟ် ဖြတ်သန်းသွားစဉ်

ဇေဋ္ဌနက္ခတ်ကို စိုးမိုးသူသည် နတ်များထိပ်ခေါင် အိန္ဒြာနတ်မင်း ဖြစ်သည့်အတွက် ဇေဋ္ဌနက္ခတ်ကို ပါပဂြိုဟ်စီးနင်းပါက ‘ထိပ်ဆုံးသို့ ရောက်ရှိနေသောသူ’ အားလုံး မကောင်းကျိုးသက်ရောက်ခံစားရ လိမ့်မည်။ (မှတ်ချက်- အထက်ပါ နက္ခတ် ၃လုံးအဟောထဲမှ အမှတ်- ၂ အနုရာဓ နက္ခတ်အစီးအနင်းကိုသာ ၂ဝ၁၅တွင် သက်ရောက်ခံ စားရလိမ့်မည်)

မြန်မာနိုင်ငံ လွတ်လပ်ရေးဇာတာရှိ ဂြိုဟ်အံသာများကို ကြည့် လျှင် ‘၂ဝ၁၅ နှစ်သစ်ကူးမှ မတ်လကုန်အတွင်း’ ကုန်ဈေးနှုန်းများ တက်ရိပ်ရှိနိုင်သော်လည်း ကောဇာခုဝင် ကြာသပတေး၏ အမြင်ကြောင့် ကုန်ဈေးနှုန်းအလွန်အကျွံတက်ခြင်းကို ထိန်းသိမ်းထားလိမ့်မည်။ သို့ရာ တွင် ဖေဖော်ဝါရီလလယ်မှ မတ်လ ၁၇ကြား၊ ဆန်စပါး၊ ဆီထွက် သီးနှံ ဈေးနှုန်းမတည်မငြိမ်ဖြစ်လိမ့်မည်။ စားသုံးဆီဈေးနှုန်း အနည်းငယ် တက်ရိပ်ရှိသည်။ လောင်စာဆီဈေးနှုန်းကျဆင်းလိမ့်မည်။ နိုင်ငံခြား ငွေလဲလှယ်ရာ၌ အမေ ရိကန်ဒေါ်လာဈေးနှုန်း တက် ရိပ်ပြနေသည်။ ရွှေဈေးနှုန်းလွန်စွာ မတက်နိုင်ချေ။ မြန်မာနိုင်ငံအဓိက နိုင်ငံခြားပို့ ကုန်များ ကျဆင်းနိုင်သည်။

ဘာသာရေးအဖွဲ့အစည်းများ တင်းမာမှု ဆက်လက်ရှိမည်။ နယ်စပ်ဒေသများ၌ စစ်မက်ဖြစ်ပွားမှုများ ဆက်လက်ရှိနိုင်သေးပြီး ငြိမ်း ချမ်းရေး မရရှိနိုင်သေးချေ။ အခြေခံ ဥပဒေပြုပြင် ပြောင်းလဲရေးကိစ္စအကောင်အထည် မဖော်ဆောင် နိုင်သေး ပါ။ သို့ရာတွင် ဤနှစ် ဒုတိယနှစ်ဝက်တွင် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ပြီး တစ်စုံတစ်ခုသော အတိုင်း အတာအထိ လျှော့ချပေးပါလိမ့်မည်။

၂ဝ၁၅ ခုနှစ် မတ်လကုန်အထိ ဖြစ်ရပ်များကို ကောင်းလိုက်၊ ဆိုးလိုက်၊ တက်လိုက်၊ ကျလိုက်နှင့် ရင်သပ်ရှုမောရမည့်ကာလဖြစ်ပါသည်။ တိုင်းပြည် ရေးရာဟော ဆိုသောအခါ လွတ်လပ်ရေးဇာတာ အပြင်၊ တိုင်းပြည် အုပ်ချုပ်သူ၏ ဇာတာမှ လည်း သုံးသပ်ရန်လိုပါသည်။

စာရေးသူထံ၌ သမ္မတကြီး၏ ဇာတာမရှိ ပါ။ မိတ်ဆွေတစ်ဦးထံမှ မွေးချိန်ရရှိပါသည်။ တိုင်းပြည် အုပ်ချုပ်သည့်သူဟုတ်၊ မဟုတ် ဇာတာ ဖွဲ့စစ်ဆေးကြည့်ပါသည်။

- ဇာတာ၌ လဂ်အိမ်ရှင်သည် ဥစ်မူ၍ ဥစ် နဝင်းစီး နေပြီး ၅ တန့်အိမ်ရှင်နှင့် ပူးနေပါ သည်။
(ပထမတန်းစားရာဇယုဂ်)

- ၁ဝတန့်၌ အင်္ဂါဂြိုဟ်ရပ်တည်၍ ဒိသာဗ လရရှိ ပါသည်။

- သီဟသနပလ္လင် သို့မဟုတ် ရာဇပလ္လင်ကို ကိုယ်စားပြုသော ၄တန့်၌ အတိသောမ ကြာသပတေးဂြိုဟ်ရပ်တည်နေခြင်းက သီဟ သနယုဂ်ရသည်ဟု ယေဘုယျဆိုနိုင်၏။ ၄တန့်အိမ်ရှင်သည်လည်း ဥစ်မူနေ၏။

- ၃ တန့် အိမ်ရှင် ၃တန့်၌ ရပ်တည်ရာ အရာရာကို မဖြစ်မနေ ကြိုးစားလုပ်ကိုင် သူဖြစ်သည်။ စိတ်နှလုံးထားကောင်းမွန်သူ ဖြစ်သည်။

- ၁ဝတန့်မှစ၍ ဂြိုဟ်များ ၇ ရာသီဆက် တိုက်ရရှိနေရာ မလိက ယုဂ်(ပန်းကုံးယုဂ်) ရရှိသည်။ မလိကယုဂ်သည်လည်းတိုင်းပြည် ခေါင်းဆောင်ဖြစ်ရန် အထောက်အ ကူပြုသော ယုဂ်ဖြစ်သည်။ ရာဟုထီး ဆောင်းရသော ယုဂ်ဟုလည်း ယူဆနိုင်ပါသည်။

ရာဇယုဂ်ကို ဆုံးဖြတ်ရာ၌ ‘ဇေမီနီစနစ်’(Jaimini System) သည် အမှန်ကန်ဆုံးဖြစ်၏။ ရရှိထားသော ဇာတာ၌ အတ္တမကာရကဂြိုဟ် [အံသာ အများဆုံးရရှိသောဂြိုဟ် (ရာဟု/ကိတ်ဂြိုဟ်မှတစ်ပါး)] စီး သောနဝင်းအခွင်မှ ၁ဝတန့်ကို စနေ(သို့မဟုတ်) ရာဟုအမြင်ရှိပြီး အတ္တမကာရက နဝင်းဂြိုဟ်ကိုပါ အမြင်ရှိလျှင် ကြာရှည်စွာ တည်တံ့ သော ကျော်ကြားမှုကို ပေးသော ရာဇယုဂ် ဖြစ်ပါသည်။ သမ္မတကြီး၏ ဇာတာ၌ ယခင်က ၁ဝတန့်၌ ရပ်တည်နေသော အင်္ဂါထူလ ဒသာ စားခဲ့ပြီး ၂ဝ၁၄ ခု နှစ်လယ်ခန့်က စ၍ ရာဟုထူလစတင်စားခဲ့ပါသည်။ ရာဟုသည် ဇာတာ၌ ၁ဝတန့်အိမ်ရှင်နှင့် ပူးယှဉ်နေသည်။ စာရေးသူအား ပေးထားသော ဇာတာမှန်ကန်ပါသည်။

ဆရာဘုန်းကြူဖေ

(အရှေ့တိုင်းအဟောနည်းဖြင့် ဟောလျှင် မတ်လ၂ဝရက် တပေါင်း လကွယ် ညနေ ၄နာရီ ၁၇ မိနစ်ဖြင့် တွက်ချက်ရာမှာဖြစ်ပြီး၊ သိဟ်လဂ် ၄အံသာ ပြိဿနဝင်း စီးပါသည်။


Popular Myanmar News Journal

0 comments:

Post a Comment