Wednesday, January 7, 2015

မတ်လ (၂၁)ရက်နေ့မှာ One Lady Show ကျင်းပဖို့ရှိတယ်လို့ ဆိုလာတဲ့ ၀ိုင်းစုခိုင်သိန်းက ဒီရှိုးပြီးရင်တော့ ရင်သွေးယူဖို့ စဉ်းစားမယ်လို့ ပြောကြား



ပြီးခဲ့တဲ့ နိုဝင်ဘာလက ထွက်ရှိခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ အာဘွား အမ်တီဗီလေးဟာ ဆိုရင်ဖြင့် တစ်လအတွင်းမှာတင် ပရိသတ်အများရဲ့ တစ်ခဲနက်အားပေးခြင်းခံခဲ့ရသလို City Fm ၁၃ နှစ်ပြည့်မှာလဲ တေးစီးရီး ရောင်းအားအကောင်းဆုံး ဆုကို ရရှိပိုင်ဆိုင်ခဲ့တာ အားလုံးအသိပါ။ ခုတစ်ခါထပ်ပြီး သူမက လာမယ့် မတ်လ ၂၁ ရက်နေ့မှာ One Lady Show ကို လုပ်ဖို့ရှိတယ် ဆိုလာတာကြောင့် City FM မှာ ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့ရော One Lady Show လုပ်မယ့်အကြောင်းကို သူမနဲ့ တွေ့ဆုံခိုက် မေးမြန်တဲ့အခါ “ဆုရတာကတော့ အာဘွားခွေတွက်ရတာပေါ့နော်။ Audio တုန်းကလဲ အာဘွားနဲ့ပဲဆုရတယ်။ ခု အမ်တီဗီကျတော့လဲ ဆုထပ်ရတယ်။ ၂ ခုလုံးကို အားပေးတဲ့ ပရိသတ်ကြီးကို လဲ ကျေးဇူးအရမ်းတင်ပါတယ်။ အခွေက ၁၁ လပိုင်း ၁ ရက်နေ့မှ ထွက်တာ ဖောင်ပိတ်တာက ၁၁ လပိုင်း ၃၀ ဆိုတော့ ၁ လအတွင်းမှာ အားပေးလို့သာ ၀ိုင်းစု ဒီဆုကို ရခဲ့တာပါ။ ရောင်းချိန်တောင်မှ သိပ်မရှိပါဘူး။ဒါပေမဲ့ စရောင်းကတည်းက ရောင်းအားတွေ အရမ်းတက်လာတယ်။ ၀ိုင်းစုချစ်တဲ့ ပရိသတ်ကြီးက ၀ိုင်းစုကို ထပ်မံပြီး အားပေးခဲ့လို့သာ အမ်တီဗီမှာ ဆုထပ်ရခဲ့တာပါ။ အဲ့ဒီတွက်လဲ ကျေးဇူးရမ်းတင်ပါတယ်။ ၀ိုင်းစုကိုယ်တိုင်လဲ ဒီခွေလေးထဲမှာ စေတနာထားပြီးတော့ ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးခဲ့တယ်။ အပြန်အလှန်ပေါ့နော်။ နောက်လဲ ၀ိုင်းစုကြိုးစားပါဦးမယ်။ ဆုရတဲ့အတွက် အရမ်းလဲပျော်တယ်။ အဓိက ၀ိုင်းစု အကောင်းဆုံးဖြစ်အောင် ပရိသတ်တွေကို ပေးတယ်။ ခုအမ်တီဗီိဆို ၀ိုင်းစုအရမ်း ပိုက်ဆံကုန်တယ်။ ဒါပေမဲ့ ပရိသတ်တွေ လက်ထဲ အခွေရောက်သွားတဲ့ခါ ကျေနပ်တယ်ဆို ၀ိုင်းစုလဲ အကုန်ခံရကျိုး နပ်တယ်ပေါ့နော်။ ၀ိုင်းစုရဲ့ကြိုးစားမှုကို အသိအမှတ်ပြုရင် ကျေနပ်တယ်။ အတွဲခွေကတော့ ၀ိုင်းစု ၂ လပိုင်းမှန်းထားတယ်။ အသည်းအသန်တော့ လုပ်နေတယ်။ ပွဲတော်ရာသီဆိုတော့လေ ကားရိုက်တွေနဲ့လဲရှုပ်နေတော့ Mixxing ဆွဲဖို့ပဲ ကျန်ပါတော့တယ်။ ၀ိုင်းစုနဲ့ တွဲဆိုမယ့် အမျိုးသားအဆိုတော်က ၁၅ ယောက်ဖြစ်သွားတယ်။ ၀ိုင်းစုရဲ့ One Lady Show ကတော့ ၃ လပိုင်း ၂၁ ပါ။ နေရာကတော့ မသေချာသေးဘူး။ ပြန်ပြောပေးပါ့မယ်။ One Lady Show မှာ ၂ မျိုးလုပ်ထားမယ်။ မတ်တပ်ရပ်ကြည့်သမားတွက်ရယ်၊ ထိုင်ပြီးကြည့်မဲ့ ပရိသတ်အတွက်ရယ်ပေါ့။ ဈေးနှုန်းကစ ၀ိုင်းစု အားလုံး အဆင်ပြေအောင် လုပ်ပေးထားပါတယ်။”လို့ သူမက ပြောပြသွားပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ ခုလတ်တလောမှာ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ဇာတ်ကားတစ်ခုမှာ နေတိုး၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပြီး One Lady Show လုပ်ပြီးရင်တော့ ရင်သွေးယူဖို့ စဉ်းစားမယ်လို့ ဆိုသွားပါသေးတယ်။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment