Thursday, April 12, 2018

သင်္ကြန်ကာလ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှု နားမည်


ပဲခူးတိုင်းအတွင်း ဧပြီလ ၁ ရက်မှစတင် ဖမ်းဆီးအရေးယူနေသည့်လိုင်စင်မဲ့ယာဉ်များ (မော်တော်ယာဉ်၊ ဆိုင်ကယ်) ဖမ်းဆီးမှုကို သင်္ကြန်ကာလများအတွင်း ရပ်နားမည်ဖြစ်ကြောင်း ပဲခူးခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ဖမ်းဆီးမှုများကို ရပ်နားထားပြီး နှစ်ဆန်း ၂ ရက်နေ့ ရောက်မှသာ ပြန်လည်ဖမ်းဆီးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဧပြီလ ၁ ရက်မှ ၁၂ ရက်အထိ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် ၅၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ယာဉ်စည်းကမ်းကြီးကြပ်ရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။

“လိုင်စင်မဲ့ဆိုင်ကယ်ကိုမိလို့ လိုင်စင်ဝင်မယ်ဆို ကညနကို ပို့ပေးမယ်။ မော်တော်ကားကိုတော့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ အမှုဖွင့်လှစ်သွားမယ်။လိုင်စင်ဝင်ဖို့ ခက်ခဲရင်လည်း အချိန်တစ်ခုစောင့်ဆိုင်းပေးမယ်”ဟု ပဲခူးမြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပဲခူးမြို့ပေါ်လမ်းမကြီးများပေါ် နေ့စဉ် ဖြတ်သန်းမောင်းနင်နေကြသည့် မော်တော်ဆိုင်ကယ်စီးရေ ၁၅၀၀ဝ ခန့်ရှိနိုင်ပြီး တရားဝင် မှတ်ပုံတင်မပါရှိသည့် ဆိုင်ကယ်စီးရေ တစ်ဝက်မကရှိနိုင်သော်လည်း လိုင်စင်မဲ့ကားအရေအတွက်မှာမူ မြဝတီမဲဆောက်မှ နေ့စဉ်ဝင်ရောက်မှုပေါ် မူတည်နေသည့်အတွက် မှန်းဆရန် မလွယ်ကြောင်း ပဲခူးမြို့ခံအချို့က ပြောကြားသည်။

The Voice

0 comments:

Post a Comment