Friday, April 13, 2018

နယ်စပ်ဒေသနှင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက် ဖွံ့ဖြိုး တိုးတက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများ ဆွေးနွေး



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးH.E. Mr. Vikram Misri နှင့် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်နေမှုများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှု များတွင် နှစ်ဖက်တပ်များ ပူးပေါင်းဆောင်ရွက်နေ မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေ သနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တောဒေသ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် မှုဖြစ်စဉ်များ တွင် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင် ရွက်ပေး နေမှု များနှင့် ဖြစ်စဉ် မှန်များအား နိုင်ငံတကာမှ သိရှိရန်လိုအပ်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ခွာ သွားသည့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး ကိစ္စရပ်များတွင် အိန္ဒိယ နိုင်ငံမှ ပါဝင် ကူညီဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

The Ladies News

0 comments:

Post a Comment