Wednesday, April 11, 2018

ငြိမ်းချမ်းရေး စကားဝိုင်းတွင် ဖြေကြာခဲ့မှုများအပေါ် ကျန်းမာရေးဝန်ကြီး ပြန်လည်တောင်းပန်


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယမန့်နေ့ (ဧပြီလ ၁၀ ရက်) ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်များနှင့်ပတ်သက်၍ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါက တောင်းပန်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတက်ရောက်ခဲ့သော ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဝန်ကြီးက “ဆေးမရတာကတော့ မဖြစ်နိုင်ပါဘူး။ တော်တော်များများမှာ အလျှံပယ်ပါ။ များလွန်အားကြီးလို့ မသုံးနိုင်တဲ့အတွက် Expired တောင်ဖြစ်တဲ့ဆေးတွေတောင် ကျွန်တော်တို့ တွေ့ပါတယ်။ မရဘူးဆိုတာ နည်းနည်းရှားပါးတဲ့ ကင်ဆာရောဂါဆေး အဲဒါပဲ။ ဓာတ်ခွဲခန်းတွေမှာဆိုရင် အလကားနီးပါးပေးပါတယ်။လုံးဝ ပိုက်ဆံမယူပါဘူးဟု ဒေါက်တာမြင့်ထွေးကဆိုသည် မရဘူဆိုတာတော့ မရှိပါဘူး”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်များကို ပြည်သူ့အချို့မကြိုက်ကြောင်း ဝန်ထမ်းများက လာပြော၍ သိရှိခဲ့ရပြီးနောက် ပြန်စဉ်းစားရာတွင် ဖြေကြားခဲ့မှုများမှာ ပြည့်စုံမှု တိကျမှုမရှိခြင်းများကိုတွေ့ရှိရသဖြင့် စိတ်ကျေနပ်မှုမရခဲ့ကြောင်း ၊၎င်း၏ ဖြေကြာချက်များအပေါ် ပြည်သူများနှင့် ၀န်ထမ်း အချို့ စိတ်အနှောက်အယှက်နှင့် မကြေလည်မှုများ ရှိခဲ့ပါက တောင်းပန်ကြောင်း ဒေါက်တာမြင့်တွေ ကသူ၏ လူမှု ကွန်ရက်စာမျက်နှာတွင်ရေးသားလိုက်သည်။

ကိုယ်စိတ်နလုံးနှစ်၍ ကြိုးပမ်းဆောင်ရွက်နေသော ဝန်ထမ်းများနှင့် အတူပူးပေါင်း၍ နိုင်ငံအကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်သွားမည်ဟု ဝန်ကြီး၏ ဆက်လက်ရေးသားထားသည်။

The Voice

0 comments:

Post a Comment