Friday, April 13, 2018

ကေအိုင်အေအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန် လူနေအိမ်ခြံဝင်း အတွင်း ကျရောက်ပေါက်ကွဲ


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ သူဌေးကုန်းကျေးရွာ ရပ်ကွက် ၄ တွင် ဧပြီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ကေအိုင်အေအဖွဲ့မှ ပစ်ခတ် ခဲ့သည့် လက်နက်ကြီးကျည်ဆန်သည် လူနေအိမ်ခြံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် မွန်းလွဲ ပိုင်းက နမ္မတီးမြို့၏ အရှေ့ဘက် မောက်ရောင်ကွင်း (ဒေသအခေါ်)ဘက်မှ ကေအိုင်အေအဖွဲ့သည် လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ် ခဲ့ရာ တစ်လုံးမှာ နယ်မြေခံတပ်၏ နောက်ကျော ဘက်သို့ ကျရောက်ခဲ့ပြီး ကျန်တစ်လုံးမှာ သူဌေးကုန်းကျေးရွာ ရပ်ကွက် ၄ နေ ဦးစိုးမောင်(၇ဝ နှစ်) နှင့် ဦးခိုင်လွင်ဦး(၄၃ နှစ်)တို့၏ နေအိမ် နောက်ခြံစည်းရိုးကြား ဝါးရုံပင်ပေါ် သို့ ကျရောက် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ကြောင့် အနီးရှိ နွားတင်းကုတ်၌ ချည်နှောင်ထားသည့် ခိုင်းနွားနှစ်ကောင် လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့ကာ ခိုင်းနွားတစ်ကောင် သေဆုံးပြီး ကောက်ရိုးသိုလှောင်တဲ မီးလောင်ခဲ့ သည်။

မီးလောင်သည့်နေရာသို့ နမ္မတီး မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီး၊ မိုးကောင်း မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ်နှစ်စီးနှင့် ကျေးရွာနေပြည်သူ လူထုများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြမှုအရ သိရသည်။

The Ladies News

0 comments:

Post a Comment