Friday, April 13, 2018

မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စု ဟိန္ဒူကျေးရွာတွင် အိမ် ၆၅ လုံး မီးလောင်


မောင်တောခရိုင် မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စု ဟိန္ဒူကျေးရွာ တွင် နေအိမ်၌ ထမင်းချက်ရာမှ ဧပြီ ၁၂ မွန်းလွဲ ပိုင်းတွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ အိမ်ခြေ ၆၅ အိမ် မီးလောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၂ မွန်းလွဲ ၁ နာရီတွင် အဆိုပါကျေးရွာနေ ဇူမွန်ဒူ(အဘ) အီရှီနာ နေအိမ်တွင် ထမင်းချက်ရာမှ နေအိမ် ထရံကို စတင် မီးလောင် ကျွမ်းခဲ့ပြီး အနီးနားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းရာ အိမ်ခြေ ၆၅ အိမ် မီးလောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား ငါးခူရမီးသတ်စခန်းမှ မီးသတ် ယာဉ်တစ်စီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီး၊ မောင်တောမြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်ယာဉ်တစ်စီး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီခွဲ တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ကျေးရွာတွင် အိမ်ခြေ ၈ဝ ရှိပြီး အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၆၅၉ ဦး နေထိုင်လျက်ရှိပြီး မီးလောင်ခဲ့မှုကြောင့် အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၄၁၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကာ ယင်းအိမ်ထောင်စုများအား ငါးခူရ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယာယီနေရာချထားပေးထားကြောင်း သိရ သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ကြပြီး မီးဘေးသင့် အိမ်ထောင်စုများအတွက် မီးဖိုချောင်သုံးပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆားနှင့် အခြားအသုံး ဆောင်ပစ္စည်းများအပြင် ယာယီတဲထိုး နေထိုင်နိုင်ရေး အတွက် မိုးကာစများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြန်လည်နေရာ ချထား ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

credit . moi
The Ladies News

0 comments:

Post a Comment