Friday, April 13, 2018

သင်္ကြန်အကြိုနေ့ သမ္မတဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံပွဲလုပ်


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံပွဲအား သင်္ကြန်အကြိုနေ့ ယနေ့ (ဧပြီလ ၁၃ ရက်) နံနက်က ပြည်မြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းကြိုဆိုထောက်ခံပွဲကို မြို့ခံအရပ်ဘက်နိုင်ငံရေးအင်အားစုများ၊ပရဟိတအဖွဲ့များ၊နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသူ လူငယ်များက ဗိုလ်ချုပ်လမ်း ဗိုလ်ချုပ်ကျောက်ရုပ်နှင့် ဗိုလ်ရှူခံရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲတွင် စတုဒီသာကျွေးမွေးခြင်း၊ မိုးမေတ္တာနာရေးကူညီမှုအသင်းက ရှာပုံတော်မင်းသားကြီး သင်္ကြန်အလှပြယာဉ်က ကပြဖျော်ဖြေခဲ့သည်။

ဓာတ်ပုံ - အောင်ဖြိုး
The Voice 

0 comments:

Post a Comment