Sunday, June 17, 2018

ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် ရခိုင်ပါတီများအကြား ဘုံသဘောထား ရပ်တည်ချက် ရယူနိုင်ရေး ကြိုးစားနေဟု ANC ပြောကြား


ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့် ရခိုင်လက်နက် ကိုင်အဖွဲ့များ၊ ရခိုင်နိုင်ငံရေးပါ တီများအကြား မူဝါဒရေးရာနှင့်  ဘုံသဘောထားရပ်တည်ချက်များရယူနိုင်ရေး ကြိုးစားနေကြောင်း ရခိုင်ပြည်နယ်အမျိုးသားကောင်စီ (ANC) အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

ထိုသို့ မူဝါဒရေးရာနှင့် ဘုံ သဘောထားများ တူညီမှသာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအရဖြစ်စေ (သို့မဟုတ်) NCA ကိုအခြေမခံ သည့် လမ်းကြောင်းအရဖြစ်စေ ဆွေးနွေးညှိနှိုင်းရာ၌ အဆင်ပြေ မည်ဟု ၎င်းကဆိုသည်။

‘‘တိုင်းပြည်ပြန်လည်တည် ဆောက်ရေး အခြေခံအားဖြင့် တော့ဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ပြောင်းလဲရေးပေါ့ဗျာ။ အဲဒီ လမ်းကြောင်းပေါ်ကိုရောက်လာ ဖို့အတွက် ဆိုရင်မူဝါဒရေးရာအ ရ လုပ်နေကြတဲ့ အဓိကကျတဲ့အ ဖွဲ့အစည်းတွေထဲမှာ မူဝါဒရေးရာ အရ ဘုံရပ်တည်ချက်သဘော ထားတွေတူနိုင်သမျှ တူအောင်စု စည်းထားဖို့လိုတယ်’’ ဟု ဦးထွန်း ဇော်ကပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးကို အ ထောက်အကူပြုစေရန် ရည်ရွယ် ၍ ANC က ဦးဆောင်ပြီး ‘ရခိုင် အမျိုးသားအဆင့်မူဝါဒရေးရာ နှီး နှောဖလှယ်ပွဲ’ ကိုဇွန်လဒုတိယ ပတ်က မြန်မာ-ထိုင်းနယ်စပ်၌ ငါးရက်ကြာပြုလုပ်ခဲ့သည်။

‘‘စေ့စပ်ညှိနှိုင်းဆွေးနွေးမှု တွေလုပ်တဲ့အခါမှာ မတူကွဲပြား တဲ့ ကိုယ့်အမျိုးသားအင်အားစု အချင်းချင်းကြားမှာပဲဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရနဲ့ ကျန်တဲ့ တိုင်းရင်းသားအင်အားစုကြား တွေမှာပဲဖြစ်စေ ဆွေးနွေးညှိနှိုင်း ကြတဲ့အခါပိုမိုပြီးတော့ အဆင် ပြေစေဖို့ရည်ရွယ်တာဖြစ်တယ်’’ ဟု ဦးထွန်းဇော်က ပြောသည်။

လက်ရှိတွင် ရခိုင်လက်နက် ကိုင်အဖွဲ့ သုံးဖွဲ့ရှိပြီး NCA လက် မှတ်ထိုးထားသည့် ALP အဖွဲ့၊ NCA လက်မှတ်ထိုးနိုင်ရေးညှိနိုင်း သော်လည်း အဆင်မပြေဖြစ်  နေသည့် ANC နှင့် NCA မထိုးဘဲ နိုင်ငံရေး ဆွေးနွေးမည်ဆိုသော မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့တွင် ပါဝင်သည့် AAအဖွဲ့ ဖြစ်သည်။ AA အနေဖြင့်  ANC က ကျင်းပသည့် ‘ရခိုင်အမျိုးသား အဆင့် မူဝါဒရေးရာနှီးနှောဖလှယ်ပွဲ’ သို့ တက်ရောက်ခြင်းမရှိပေ။

ရခိုင်နိုင်ငံရေးပါတီ များတွင်  ရခိုင်အမျိုးသားပါတီ (AN P) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်  (ALD) ဟူ၍ အဓိကပါတီနှစ်ခု ရှိ သည်။ ANP သည် ယခင်က ALD  နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ(RNDP) တို့ပေါင်း စည်းထားသည့် ပါတီဖြစ်သည်။  သို့ရာတွင် နောက်ပိုင်း၌ ပါတီ တွင်းသဘောထားကွဲလွဲမှုများ ကြောင့် ALD မှ ပုဂ္ဂိုလ်များသည် သီးခြားပါတီပြည်လည်ထူထောင် ခဲ့သည်။

7Day


0 comments:

Post a Comment