Tuesday, June 5, 2018

ဖို့ ဒ်ကား မစီးဘဲ စက်ဘီးစီးရုံးတက်သည့် နယ်သာလန်ဝန်ကြီးချုပ်၏ အတုယူဖွယ် လုပ်ရပ်



နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူတီဟာ ဖို့ ဒ်အပါအ၀င် ကမ္ဘာကျော်ကားမျိုးစုံကို ထည်လဲစီးနိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံက ၀န်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သူ့ ပြည်သူတွေအတွက် ငွေလည်းခြွေတာပြီးသားဖြစ်ရမယ်။
သဘာဝပတ်ဝန်းကျင်ညစ်နွမ်းစေမှုကိုလည်း ထိန်းသိမ်းပြီးသားဖြစ်ပြီး ကျန်းမာရေး အတွက် အထောက်အကူပြုစေမယ့် စက်ဘီးကိုပဲ နေ့ စဉ်နီးပါး စီးပြီး ရုံးတက်ရုံးဆင်း လုပ်ပါတယ်။

ဒီလိုမျိုး ပြည်သူ့ ဘက် မျက်နှာမူပြီး စိတ်ထားအမှန်နဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် သူ့ ပြည်သူတွေက ချစ်မြတ်နိုးတဲ့အပြင် ကမ္ဘာ့ခေါင်းဆောင်တွေ အသီးသီးကလည်း ဂုဏ်ယူ ချီးမွှမ်းမှုကို ပြုနေကြပါတယ်။

ဒါထက်ပိုပြီး ထူးခြားတဲ့ လေးစားအတုယူဖွယ်ရာ ဖြစ်ရပ်တစ်ခုကိုလည်း ဇွန်လ ၄ ရက်(မြန်မာစံတော်ချိန် ဇွန်လ ၅ ရက် နံနက်ပိုင်း) မှာ ၀န်ကြီးချုပ် မာခ်ရူတီက လုပ်ဆောင် ခဲ့ပါတယ်။

ဟန်ဆောင်နေတဲ့ပုံမပေါ်ဘဲ တကယ့်စိတ်ရင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ သူ့ ရဲ့ လေးစား ဖွယ်ရာ လုပ်ရပ်ဟာ လတ်တလောမှာ လူပြောသူပြောများပြီး ဂုဏ်ပြုမှုတွေ ရရှိနေ ပါပြီ။

ရုပ်သံကို နားဆင်ကြည့်ကြရအောင်ပါ။

တင်ဆက် - အိဖြူသိမ့် ၊ တည်းဖြတ် - မိုးတိမ်


(အကုန်သိသတင်းဌာန)

0 comments:

Post a Comment