Tuesday, June 5, 2018

အစ္စရေးလုံခြုံရေးအတွက် အီရန်သည် စိုးရိမ်စရာဖြစ်ဟု ဂျာမနီနှင့် အစ္စရေး သဘောတူ


အီရန်ဟာ အစ္စရေးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာနိုင်ငံအဖြစ် ဂျာမန်အဓိပတိနဲ့ အစ္စရေး ဝန်ကြီးချုပ်တို့ သဘောတူခဲ့ပါတယ်။


အီရန်ရဲ့ အရှေ့အလယ်ပိုင်းမှာ လှုပ်ရှားမှုတွေဟာ စိုးရိမ်စရာကောင်းပြီး အထူးသဖြင့် အစ္စရေးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့တယ်လို့ ဂျာမန်အဓိပတိ အိန်ဂျလာ မာကယ်က ဇွန် ၄ ရက်နေ့မှာ ပြောပါတယ်။
ဂျာမနီနိုင်ငံမြို့တော် ဘာလင်က အစည်းအဝေးအပြီး နေတန်ယာဟုနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။ အီရန်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုဟာ စိုးရိမ်စရာ ကောင်းသလားဆိုတဲ့ မေးခွန်းကို သဘောတူခဲ့တယ်လို့ မာကယ်က ပြောပါတယ်။
ဂျာမနီဟာ တခြား ဥရောပ မဟာမိတ်တွေနဲ့အတူ အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကို ကျောမခိုင်းဘဲ နေခဲ့တယ်၊ ဒီအရေးအပေါ် သြဇာလွှမ်းမှုကိုသုံးပြီး အီရန်ရဲ့ ဒုံးကျည်အစီအစဉ်၊ ယီမင်နိုင်ငံအတွင်းက လှုပ်ရှားမှုတွေနဲ့ ဆီးရီးယားနိုင်ငံအတွင်း အီရန်တပ်တွေ ထားရှိမှုတွေနဲ့ ပတ်သက်ပြီး သံတမန်ရေး အားထုတ်မှု အားလုံးကို ဆက်လုပ်မယ်လို့လည်း မာကယ်က ပြောပါတယ်။
“အစ္စရေးရဲ့ လုံခြုံရေးဟာ နေ့တိုင်း ခြိမ်းခြောက်ခံနေရလို့ မဟာမိတ်အနေနဲ့ ကျမတို့ဟာ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်တွေကို အစ္စရေးနဲ့ ကုန်သွယ်မှု လုပ်သွားမယ်၊ အစ္စရေးရဲ့ ဘေးကင်းရေး တိုးမြှင့်ဖို့၊ စစ်သားတွေကို ကာကွယ်တာ သေချာဖို့ လေ့လာရေး ဒရုန်းယာဉ်တွေလိုမျိုး မာလီမှာ အကောင်းဆုံး အလုပ်လုပ်ခဲ့တဲ့ ဒရုန်းမျိုးတွေပေါ့” လို့လည်း သူက ဆက်ပြောပါတယ်။ နျူကလီးယားလက်နက် ဖောချင်းသောချင်း မပြန့်ပွားရေး အီရန်နဲ့ သဘောတူညီချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ဖျက်အပြီး နေတန်ယာဟုဟာ ဥရောပနိုင်ငံတွေဆီ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။
DVB


0 comments:

Post a Comment