Tuesday, June 5, 2018

ပခုက္ကူမြို့နယ်ရှိ မြေသားရေလှောင်ကန်တစ်ခု ကျိုးပေါက်ခဲ့မှုကြောင့် ပခုက္ကူနှင့် ယောဒေသသို့ ဆက်သွယ်ထားသည့် ကားလမ်း ရေလျှံ


ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ မြေသားရေလှောင်ကန် ကျိုးပေါက်မှု ဖြစ်ပွားခဲ့သောကြောင့် ပခုက္ကူနှင့် ယောဒေသ၊ ချင်းတောင်သို့ ဆက်သွယ်သွားထားသည့် ကန်တော်ကျေးရွာအနီး ကားလမ်းပိုင်းတွင် ယနေ့ နံနက်ပိုင်းမှစ၍ ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားလမ်းပိုင်း ရေလျှံမှုကြောင့် ယာဉ်သွားလာမှု ယာယီပြတ်တောက်သွားပြီး ရေနည်းပါးချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ယာဉ်များအား ဖြတ်သန်းစေခဲ့ကြောင်း သိရသည်။






■ သက်ထိန်ဝင်း (ပခုက္ကူ)
Eleven Media Group

0 comments:

Post a Comment