Wednesday, June 6, 2018

ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင်ကို ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့ စည်း ဆောင်ရွက်ရေး အဆို လွှတ်တော်တွင် ဆွေးနွေးရန်သဘောတူ


ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင်ကို ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်း ဆောင်ရွက်ရေး အရေးကြီးအဆိုကို ဇွန်လ ၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ရာ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။


ပြည်သူ့ လွှတ်တော်တွင် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး က "နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင်တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ ဝင် ၃ ဦးဖြင့် ဖွဲ့ စည်းခြင်းနှင့် စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့ ၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ ဖြင့် စစ်ဆေးခြင်းနည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သောနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့် သာ ဖွဲ့ စည်း ဆောင်ရွက်ရေးကို ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့ အား တိုက်တွန်းကြောင်း အရေးကြီး အဆို" ကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် အရေးကြီးအဆိုကိုထောက်ခံဆွေးနွေး ခဲ့ပြီး အရေးကြီးအဆိုကို ဆက်လက် ဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူခဲ့ရာလွှတ်တော်က သဘောတူသဖြင့် လွှတ်တော်က ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

The Ladies News

0 comments:

Post a Comment