Monday, June 18, 2018

ဇွန်လ ၂၅ရက်နေ့တွင် ပြုလုပ်မည့် UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေးတွင် ၂၁-ရာစုပင်လုံ ကျင်းပမည့်ရက်အား သတ်မှတ်ရန် စဉ်းစားထားဟုဆို


ဇွန်လ ၂၅ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်း ရေးမှူးအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ်အစည်း
အဝေးကျင်းပမည့်ရက်အား သတ်မှတ်ရန် စဉ်းစားထားဟုရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက The Ladies News သို့ပြောကြားသည်။

`အတွင်းရေးမှူးအစည်းအဝေးမှာသတ်မှတ်ဖို့ စဉ်စားထားတယ်။ ဒါပေမယ့် UPDJCခေါ်ပြီးတော့မှ အတည်ပြုချက်ယူရအုံးမယ်။ မှန်းထားတာကတော့ ၁၀ရက်ကိုမှန်းထားတယ် ဒါပေမယ့်နိုင်ငံတော်အကြီးအကဲတွေ
တောက်လျှောက်ရှိဖို့ရက်ကိုညှိနေကြဆဲဖြစ်တယ်` ဟု ၄င်းကပြောကြားသည်။

ဇွန်လ၂၅ရက်နေ့တွင်UPDJCအတွင်းရေးမှူးအဖွဲ့အစည်းအဝေးကိုပြုလုပ်မည်ဖြစ်ပြီး ၂၆၊၂၇၊ ၂၈ရက်များတွင်လုပ်ငန်းကော်မတီအစည်းအဝေးကို ဆက်လက်ပြုလုပ်သွားမည်ဟု ဒေါ်စောမြရာဇာလင်းက ပြော
ကြားသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ဦး၊ NCAတွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ဦး၊
နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌမှာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။

၂၁-ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၇ မေလတွင်ပြုလုပ်ခဲ့ပြီးခြောက်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ငြိမ်း
ချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ ပြေလည်မှုမရှိသောကြောင့် တစ်ကျော်ကြာသည့် ကျင်းပနိုင်းခြင်းမရှိပေ။

The Ladies News

0 comments:

Post a Comment