Thursday, August 16, 2018

ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးပြား ၂၆ ပြားနှင့်အတူဖမ်းဆီး


ဒါရိုက်တာ မိုက်တီးအား မူးယစ်ဆေးပြားများနှင့်အတူ ယမန်နေ့ညက ဖမ်းဆီးခဲ့သည်။ ယမန်နေ့ည ၁၁ နာရီခန့်က တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးကြီးကြပ်သော အဖွဲ့သည် တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် အထက(၃)ကျောင်းရှေ့တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေရာတွင် ဒါရိုက်တာ မိုက်တီး(ခေါ်)သန်းထွန်းဇော်(အသက် ၅၃ နှစ်) မောင်းနှင်လာသော MAZDA DEMIO အမျိုးအစား အစိမ်းနုရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း သန်းထွန်းဇော် ထိုင်နေသည့် ထိုင်ခုံ၏ ဖင်ထိုင်ခုံနှင့် ကျောမှီကြားမှ မီးခိုးရောင် မျက်မှန်ဘူးအတွင်းထည့်ထားစည့် အကြည်ရောင် ပလပ်စတစ်ကပ်ခွာဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြား၊ အလေးချိန် ၁.၇ ဂရမ်ခန့်ပါ တစ်ထုတ်၊ အစိမ်းရောင် အဖုံးပါ ကော်ဗူးငယ်အတွင်းထည့်လျှက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား၊ အလေးချိန် ၀.၉ ဂရမ်ခန့်ပါ တစ်ဗူး၊ စုစုပေါင်း စိတ်ကြွဆေးပြား ၂၆ ပြား၊ ကာလတန်ဖိုး တစ်ပြားလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၉၁၀၀၀ ကျပ်ခန့်ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲရန် အသင့်ပြုပြင်ထားသည့် သတ္တုဖြင့်ပြုလုပ်ထားသော နီညိုရောင် ဂက်စ်မီးခြစ်တစ်လုံးနှင့် အ၀ါရောင် ဂက်စ်မီးခြစ်တစ်လုံး၊ ငွေမှင်ရောင် ခဲပြားအစ ၃ ခုတို့အားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်အား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

PN

0 comments:

Post a Comment