Thursday, August 16, 2018

"ရန်ကုန်လေဆိပ်တွင် ဖိနပ်များအတွင်း ဝှက်သယ်လာသော စိတ်ကြွဆေးပြားတစ်သောင်းကျော် ဖမ်းမိ"


စိတ်ကြွဆေးပြားတစ် သောင်းကျော်ကို မိန်းမစီးကတ္တီပါ ဒေါက်ဖိနပ်များအတွင်းသို့ ထည့်ပြီး မလေးရှားနိုင်ငံသို့ သယ် ဆောင်ရန် ကြိုးပမ်းသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဩဂုတ် ၁၄ ရက် ည ၁၀ နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တစ်ဦးတို့၏ ပါဆယ်ထုပ်သည် X-Ray ဖြတ်သန်းစဉ် မသင်္ကာ ဖွယ်တွေ့သောကြောင့် ဖွင့်ဖောက်၍ စစ်ဆေးရာ မိန်းမစီးကတ္တီပါဖိနပ်၏ ဒေါက်အတွင်း ဝှက်ထားသည့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့၏ အိတ်အတွင်း မိန်းမစီး ကတ္တီပါဖိနပ်အရန် ၄၀ နှင့် ပါတိတ်အထည် ၂၀ ပါရှိပြီး စစ် ဆေးရာတွင် ဖိနပ် ၁၁ ရန်၏ဒေါက်တွင် အံဝှက်ပြုလုပ်ပြီး ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၃,၂၀၀ ကျော် ဖမ်းဆီးမိခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးသယ်ဆောင် သူများက မည်သည့်နည်းဖြင့် ဖြတ်သန်းသည်ဖြစ်စေ ဖမ်းဆီးနိုင်ရန် မူးယစ်တပ်ဖွဲ့စုက ပုံပန်းသဏ္ဌာန်၊သင်္ကာဖွယ်ရှိ၊ မရှိ ခရီးစဉ်လမ်း ကြောင်း စသည့်အချက်များနှင့် တိုက်စစ်လေ့ရှိပြီး စက်ပစ္စည်းများ ဖြင့် စစ်ဆေးနေကြောင်း မူးယစ် တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော သည်။ လက်ရှိတွင် အဆိုပါ မူးယစ် ဆေးဝါးများ သယ်ဆောင်လာသူ မမြမြဝင်း၊ ခင်မာလာ (ခ) မော်လ်ီနှင့် အောင်မျိုးတို့သုံးဦးကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားသည်ဟု ပြည် ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

သတင်း - ဟိန်းသာ
ဓာတ်ပုံ − Yangon Police
ပုံစာ - စိတ်ကြွဆေးပြားများကို ဖိနပ်များအတွင်း သယ်ဆောင်လာခြင်းဖြစ်သည်။

7 Day

0 comments:

Post a Comment