Thursday, August 16, 2018

မန္တလေးမှာ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်


မန္တလေးမှာ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်စဉ်တစ်ခု ယခုည ၉နာရီ ၁၀မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မန္တလေး မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းအပိုင်နယ်မြေ သံလျက်မှော်အရှေ့ရပ်ကွက် လှုပ်ရှားမှုရဲကင်း မှာ ဖြစ်ခဲ့တာပါ။

ရဲဒုတပ်ကြပ် နဲ့ ရဲတပ်သားတို့ ၂ ဦးဟာ လှည့်ကင်းထွက်ဖို့အတွက် ပြင်ဆင်နေစဉ် ရဲတပ်သား နဲ့ ရဲဒုတပ်ကြပ် တို့စကားများရာမှ ရဲတပ်သားက ၁၂ ဗို့ပြောင်းချော သေနတ် (14-M 02248) နဲ့ ရဲဒုတပ်ကြပ်အား အနီးကပ် ၂ ချက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ရဲဒုတပ်ကြပ်မှာ ယာပေါင်ရင်းမှာ ၃ လက်မပတ်လည်ခန့် ပွင့်ထွက်ဒဏ်ရာ၊ ဘယ်ဘက်နားနောက်ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) တို့ ရရှိခဲ့လို့ ဒဏ်ရာရရှိသူရဲဒုတပ်ကြပ်အား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီ ပို့ဆောင်ထားရပါတယ်။
ရဲတပ်သားကိုတော့ အမှတ် ၇ နယ်မြေရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

စောထွေး

0 comments:

Post a Comment