Tuesday, August 14, 2018

အမှုသည်ထံမှ လာဘ်ငွေယူခဲ့သည့် တရားလွှတ်တော်ရှေ့နေကို အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးဟာ အမှုသည်ထံမှ ငွေကြေး/ပစ္စည်းလက်ဆောင် တောင်းယူပြီး အမှုပြီးဆုံးအောင် ဆောင်ရွက်မပေးတဲ့ကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ အရေးယူပေးဖို့ တိုင်ကြားခဲ့တာတဲ့အမှုဖြစ်ပါတယ်။ တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လက်ပံတန်းမြို့၊ မင်းရပ်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးဟာ လက်ပံတန်း မြို့နယ်တရားရုံးရဲ့ ဇာရီမှုအမှတ် ၂၀/၂၀၁၆၊ ၂၁/၂၀၁၆ အမှုလိုက်ပါ ဆောင်ရွက်ရာ အမှု အနိုင်ရဖို့အတွက် အမှုသည်ထံက ၂၀၁၇ ဒီဇင်ဘာလမှ ဇွန် ၆ ရက်နေ့အတွင်း ငွေကျပ် ၁၂၉၀ဝ၀ဝနဲ့ လက်ဆောင်ပစ္စည်းတွေ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ စစ်ဆေးချက်အရ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ အရေးယူဆောင်ရွက်ဖို့ လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်းမှာ သြဂုတ်လ ၁၄ ရက်က ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ DVB

0 comments:

Post a Comment