Thursday, August 16, 2018

တံတားပြိုကျခဲ့သည့်ဒေသကို အီတလီဝန်ကြီးချုပ် အရေးပေါ်အခြေအနေ ကြေညာ


အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တံတားတစင်း ပြိုကျခဲ့တဲ့ လီဂူရီယာဒေသကို အီတလီဝန်ကြီးချုပ် ဂျူဇက်ပေကွန်တေက ၁၂ လ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

တံတားပြိုကျရာ အနောက်မြောက်ပိုင်း ဒေသအတွက် ပြည်ထောင်စုရန်ပုံငွေကနေ ကနဦးအနေနဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်း ပေးအပ်သွားမယ်လို့ အီတလီဝန်ကြီးချုပ်က ပြောကြားပါတယ်။

သြဂုတ် ၁၄ ရက်နေ့က ဂျီနိုအာမြို့ရှိ ကားလမ်းတံတားတစင်း ပြိုကျခဲ့တာကြောင့် အခုချိန်ထိ လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။တံတားပြိုကျရာမှာ အမြင့်ပေ ၁၄၈ ပေကနေ ကားဒါဇင်နဲ့ချီ ပြုတ်ကျခဲ့တာပါ။

ရှာဖွေကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေကြားထဲ အသက်ရှင် ကျန်ရစ်သူ ရှာတွေ့ဖို့ မျှော်လင့်ချက် အနည်းငယ်သာရှိတယ်လို့ ပြောကြားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment