Tuesday, August 14, 2018

ဝီဂါမွတ်ဆလင်တသန်းခန့် ဖမ်းဆီးထားသည် ဆိုသည့်သတင်း တရုတ်အစိုးရ ငြင်း

တရုတ်နိုင်ငံ ရှင်ကျန်းဒေသက ဝီဂါမွတ်ဆလင် လူဦးရေ တသန်းလောက်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေက သြဂုတ် ၁၃ ရက်နေ့မှာ ငြင်းဆိုသွားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ကော်မတီ အစည်းအဝေးတခုမှာ တရုတ်အစိုးရက ငြင်းဆိုသွားတာပါ။ အဲဒီအစည်းအဝေးမှာ မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တရုတ်အစိုးရက ထိန်းသိမ်းရေးစခန်းဖြစ်အောင် ပြုလုပ်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင်တဦးက ပြောကြားခဲ့တာပါ။ အဲဒီပြောကြားချက်ကို ဝီဂါဒေသမှာ နေထိုင်သူတွေအနေနဲ့ အခွင့်အရေး အပြည့်အဝ ခံစားနေရကြောင်းနဲ့ ဘာသာရေးအစွန်းရောက် မှိုင်းမိနေတဲ့ ဝီဂါဒေသနေသူတချို့ကို ပညာပေးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖို့နဲ့ ပြန်လည်နေရာချထားမှုတွေ လုပ်သင့်တယ်လို့ ကော်မတီတက်ရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်တွေက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ရှန်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝီဂါမွတ်ဆလင်ဘာသာဝင် ၄၅ ရာခိုင်နှုန်း နေထိုင်ကြတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်း တရုတ်အစိုးရက နှိပ်ကွပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ DVB

0 comments:

Post a Comment