Tuesday, August 14, 2018

"တစ်ကျော့ပြန်ရေဘေးကြောင့် မြို့နယ် ၁၆ ခုရှိ လူ ၇,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း"


မိုးကောင်းနေပြီး မြစ် ရေများတက်လာချိန်တွင် တစ် ကျော့ပြန် ရေဘေးစတင်ကြုံတွေ့ နေရကာ ဒေသခုနစ်ခု၊ မြို့နယ် ၁၆ ခု ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ ပြီး လူဦးရေ ၇,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထား ရသည်။

သြဂုတ် ၁၂ ရက်ကစတင် ကာ မြန်မာနိုင်ငံဒေသအများစု နေရာကွက်မိုးကြီးပြီး ဧရာဝတီ မြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် နှင့် ဘီးလင်းမြစ်တို့လည်း ပြန် လည်မြင့်တက်လာသဖြင့် တစ် ကျော့ပြန်ရေဘေး ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

သြဂုတ် ၁၂ ရက်မှ ၁၄ ရက် အတွင်း ရေဘေးကြောင့် အခက် အခဲကြုံတွေ့နေသည့် ဒေသများ နှင့် ဘေးသင့်လူဦးရေစာရင်းကို မြေပြင်အခြေအနေ စုံစမ်းမှုအရ အောက်ပါအတိုင်း သတင်းရရှိ သည်။

မွန်ပြည်နယ်-မော်လမြိုင်၊ ကျိုက် ထို၊ ပေါင်နှင့် ချောင်းဆုံမြို့တို့ တွင် ရပ်ကွက်နှစ်ခု၊ ကျေးရွာရှစ် ရွာ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ၍ လူဦးရေ ၁,၃၀၀ ခန့်ကို ဘေး လွတ်ရာ ရွှေ့ပြောင်းထားရသည်။ မော်လမြိုင်နှင့် ချောင်းဆုံ မြို့တွင် သံလွင်မြစ်ရေ တက်လာပြီး ကျိုက်ထိုမြို့တွင် မဒေါက် မြစ်ရေ မြင့်တက်လာခြင်းဖြစ်သည်။ပေါင် မြို့နယ်တွင် ပင်လယ်ဒီရေတက် လာ၍ နေအိမ် ၄၄ လုံး ပျက်စီးပြီး ၂၆ လုံးကို ကြိုတင်ဖြိုဖျက်ခဲ့ရသည်။

ကရင်ပြည်နယ်- ကရင်ပြည်နယ် ဘားအံမြို့တွင် သြဂုတ် ၁၂ ရက် ကစကာ သံလွင်မြစ်ရေ ပိုမိုမြင့် တက်လာ၍ လူနေရပ်ကွက်များ အတွင်း ရေပြန်လည် ဝင်ရောက် လာသည်။ ကယ်ဆယ်ရေးစခန်း နှစ်ခု ထပ်မံဖွင့်လိုက်ရကာ လူဦး ရေ ၁,၁၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းထားရသည်ဟု ပြည် နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး၊ ညွှန် ကြားရေးမှူး ဦးလင်းထွဋ်က ပြော သည်။ ဇူလိုင်က ဖြစ်ပေါ်ခဲ့သော ရေဘေးကြောင့် ဖွင့်ခဲ့ရသော ကယ်ဆယ်ရေးစခန်းများ အနက် ၁၀ခု မပိတ်သိမ်းနိုင်သေးဘဲ လူဦး ရေ ၅,၈၀၀ ခန့် နေရပ် မပြန်နိုင် သေးမီ နောက်တစ်ကြိမ် ရေဘေး ကြုံတွေ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး - စိုးရိမ်ရေ မှတ်အထက်တွင် ရက်ပေါင်းများ စွာ မြင့်တက်နေသော စစ်တောင်း မြစ်ရေသည် ယခုရက်ပိုင်း ပြန် လည်မြင့်တက်လာပြီး ကဝမြို့ နယ် မမောက်၊ ဘန်ဒါနှင့် ကန် တော်ကျေးရွာများမှ လူဦးရေ ၂,၇၀၀ ကျော်ကို ရေဘေးလွတ် ရာသို့ ရွှေ့ပြောင်းလိုက်ရသည်။ သနပ်ပင်မြို့နယ်တွင် စစ်တောင်း မြစ်ရေ ဝင်ရောက်၍ နေအိမ်လေး လုံး ပျက်စီးခဲ့ရာ မိသားစုဝင် ၁၇ ဦးသည် ရေဘေးလွတ်ရာ ရွှေ့ ပြောင်းနေရသည်။

ဧရာဝတီတိုင်းဒေသကြီး - ပင် လယ်နှင့် ထိစပ်နေသော ဖျာပုံ မြို့နယ်တွင် ဒီရေသိသိသာသာ တက်လာသည့်အရှိန်ကြောင့် ဒေါ်ငြိမ်းကျေးရွာ အုပ်စုအပါ အဝင် အနီးဝန်းကျင် ကျေးရွာ သုံးခုထက်မနည်း ရေဘေးကြုံ တွေ့နေရသည်။ နေအိမ် ၁၂၀ ခန့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး လူဦးရေ ၆၇၀ ကို ဘေးလွတ်ရာ နေရာများတွင် ပြောင်းရွှေ့နေ ထိုင်ရသည်ဟု တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး၊ ညွှန်ကြားရေး မှူး ဦးသန်းစိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး- ယခု ရက်ပိုင်း ရေကြီးနစ်မြုပ်မှုကြောင့် လောင်းလုံး၊ ကော့သောင်း၊ ရေဖြူနှင့် မြိတ်မြို့နယ်တို့တွင် လူဦးရေ ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။

ရန်ကုန်တိုင်းဒေသကြီး - လှိုင် သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် ခရမ်း မြို့တွင် ပင်လယ်ဒီရေ ဝင်ရောက် ၍ လူဦးရေ ၈၀၀ ခန့် ဘေးလွတ် ရာ ရွှေ့ပြောင်းထားရသည်ဟု တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး မှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေ က ပြောသည်။

ရခိုင်ပြည်နယ် - ပင်လယ်ဒီရေ တိုက်စားမှုကြောင့် ကျောက်ဖြူ မြို့မှ ရေငန်တားတာတမံတစ်ခု သြဂုတ် ၁၃ ရက်က ကျိုးပေါက်ခဲ့ ပြီး ဒေသခံလူဦးရေ ၄၀၀ ကျော် ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရသည်။

အထက်ပါ တိုင်းဒေသကြီး ခုနစ်ခုမှ ရေဘေးသင့်လူဦးရေ ၇,၀၀၀ ကျော်သည် သြဂုတ် ၁၂ ရက်မှ ၁၄ ရက်အတွင်း ကြုံတွေ့ ရသော ရေဘေးကြောင့် ဘေး လွတ်ရာ ရွှေ့ပြောင်းနေရခြင်းဖြစ် သည်။ ဇူလိုင် ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်း ၃၅ ခုတွင် လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင် နေရဆဲဖြစ်သည်။

သြဂုတ် ၁၄ ရက် အခြေ အနေအရ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့ သည် ဇလွန်၊ ဘားအံ၊ မဒေါက်၊ သာပေါင်းနှင့် မအူပင်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက်တွင် မြင့် တက်နေ၍ ရေဘေးသတိပေး ချက် ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော်မှ လေဖိ အားနည်းရပ်ဝန်းသည် ဆက် လက်တည်ရှိနေပြီး ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးဇလက သတိပေးထားသည်။

သတင်း-အောင်သစ်လွင်
ဓာတ်ပုံ − စိုင်းဇော်
ပုံစာ-ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်တစ်ခုအတွင်း ရေကြီးနစ်မြုပ်နေသည်ကို တွေ့ရစဉ်
7Day News Journal



0 comments:

Post a Comment