Thursday, August 16, 2018

မိုင်းယုမြို့ တာကြန့်ကျေးရွာ၌ ပြည်သူ့စကားဝိုင်း(Public Talk)ဆွေနွေးပွဲ ပြုလုပ်မည်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်းစီစဉ်ကျင်းပသော ပြည်သူ့စကားဝိုင်း(Public Talk) ကို ကျေးလက် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သြဂုတ် ၂၁ ရက်၊ နံနက် ၉ နာရီအချိန်တွင် မိုင်းယုမြို့ ဝမ်တာကြန့် ကျေးရွာအုပ်စု၊ ဝမ်တာကြန့် ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ပြည်သူ့စကားဝိုင်း တွင် မိုင်းယောင်းမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာ၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းတင့်ဆန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်၊ မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဟိန်းဝဏ္ဏမောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်စိုးတို့မှ ဦးဆောင်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျေးလက် လမ်းတံတားများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်မီး လုံလောက်စွာ ရရှိရေး၊ လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်း၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူးရေးဆိုင်ရာကဏ္ဍများ၊ သောက်သုံးရေ ရရှိမှု အခြေအနေများ စသည့်အကြောင်းအရာများ ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

The Ladies News

0 comments:

Post a Comment