Thursday, September 27, 2018

မြိတ်မြို့နယ်၊ သဘွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သဘွတ် ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 
ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် သွေးလွန် တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာများကို ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးပေးသည်။ 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေး ခြင်းများဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃ဝ၅ ဦးတို့ကိုကလေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရော ဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ရောဂါရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင် ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 



မြဝတီ

0 comments:

Post a Comment