Thursday, September 27, 2018

ရုရှား လေကြောင်းကာကွယ်ရေးစနစ် ဖြန့်ကြက်မှု ဆီးရီးယား ကြိုဆို




ဆီးရီးယားနိုင်ငံထဲမှာ ရုရှားရဲ့ S-300 လေကြောင်းကာကွယ်ရေးစနစ် ဖြန့်ကြက်တာကို ကြိုဆိုတယ်လို့ ဆီးရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖေဆယ်မက်ဒတ်က ပြောကြားလိုက်ပါတယ်။ 
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ဒီစနစ်ကို ဆီးရီးယားက အသုံးပြုသွားမယ်လို့ မစ္စတာမက်ဒတ်က ဒမတ်စကတ်မြို့မှာ စက်တင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ 

အစ္စရေးဟာ ဆင်ခြေအမျိုးမျိုးပေးပြီး ဆီးရီးယားကို အကြိမ်ကြိမ် တိုက်ခိုက်နေတယ်လို့လည်း သူက စွပ်စွဲပြောကြားပါတယ်။ 

ဆီးရီးယားကို မကြာခင် ရောက်လာမယ့် ဒီဒုံးကျည်စနစ်ကို ဆီးရီးယား တိုက်ခိုက်ခံရတာ ကြုံရမယ့် အခါမျိုးမှ အသုံးပြုမယ်လို့လည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

S-300 လေကြောင်းကာကွယ်ရေးစနစ်ကို ဆီးရီးယားမှာ ဖြန့်ကြက်မယ်လို့ ရုရှားအရာရှိတွေက အစောပိုင်းမှာ ပြောထားပါတယ်။ 

လာတာကီယာပြည်နယ်ထဲက ဆီးရီးယား စစ်အခြေစိုက်စခန်းတွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဆီးရီးယားတပ်ဖွဲ့တွေက ရုရှားစစ်လေယာဉ်တစင်းကို မှားယွင်းပစ်ချမှု ဖြစ်ပွားပြီးနောက် ရုရှားဒုံးကျည်စနစ်ကို ဖြန့်ကြက်မယ့် အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment