Thursday, September 27, 2018

ကာမလိမ်လည်မှုနဲ့ တရားစွဲခံရတဲ့ သရုပ်ဆောင် မင်းထက်


သရုပ်ဆောင် မင်းထက်ကို ကာမလိမ်လည်မှု ရာဇသတ် ကြီးပုဒ်မ ၄၁၇ ဖြင့် သရုပ်ဆောင်နှင်းအိရွှေရည်က တရားစွဲဆိုထား ပြီး စက်တင်ဘာ ၂၇ ရက် ပထမဆုံးရုံးချိန်းတွင် မင်းထက်က အာမခံ လျှောက်ထားရာ အာမခံရရှိခဲ့သည်။ 
လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တရားရုံး၌ တရားစွဲဆိုခြင်း ဖြစ် ပြီး ပထမဆုံးရုံးချိန်းတွင် နှစ်ဖက် စလုံးလာရောက်ခဲ့သည်။ 

‘‘ညီမသမီးလေးနဲ့ အမှန် တရားတစ်ခုအတွက် ရပ်တည်လို့ ရအောင် တရားစွဲလိုက်တာပါ။ နောက်သူတို့တွေ အရှေ့မှာတုန်း က မီဒီယာမှာ ညီမဂုဏ်သိက္ခာ ထိခိုက်အောင်ဖြေထားတယ်။ ညီမလို တခြားမိန်းကလေးတွေ မဖြစ်အောင် စံပြအနေနဲ့ လုပ် လိုက်တာပါ’’ဟု တရားလို နှင်းအိ ရွှေရည်က ပြောသည်။ 

၎င်းနှင့် သရုပ်ဆောင်မင်း ထက်သည် ၂၀၀၈ က စတင်ကာ ရုပ်ရှင်အစည်းအရုံး၌ သင်တန်းတက်ရင်း သိကျွမ်းခင်မင်ခဲ့ပြီး ၂၀၁၃ တွင် ချစ်သူဖြစ်ခဲ့တာ ငါးနှစ်တာနီးပါး အတူတကွဖြတ်သန်းခဲ့ကြောင်း နှင်းအိရွှေရည်က ပြောသည်။ 

‘‘သူ့ကိုပြောချင်တာက ဒီသမီးလေးက ညီမနဲ့ သူတစ် ယောက်နဲ့ တစ်ယောက် သံယော ဇဉ်တွယ်ပြီး ရရှိလာတဲ့ သမီးလေး ပါ။ သူ့သမီးလေးမှန်ကန်ပါတယ် ဆိုတာကို သူ့အနေနဲ့၊ အဖေတစ် ယောက်အနေနဲ့ မားမားမတ်မတ် ရပ်တည်မယ်၊ ဖခင်စိတ်ရှိမယ်ဆို ရင် ညီမကျေနပ်ပါတယ်။ တရား မမှုလမ်းကြောင်းဖြစ်သွားပြီဆို တော့ တရားမမှုလမ်းကြောင်းနဲ့ပဲ အမှန်အတိုင်း မှန်တဲ့ဘက်က ဆက်လျှောက်သွားမှာပါ’’ဟု ၎င်းက ပြောသည်။ 

သရုပ်ဆောင် မင်းထက် သည် လက်ရှိတွင် သရုပ်ဆောင် စိုးနန္ဒာကျော်နှင့် လက်ထပ်ထား သည်။ ယင်းအမှုနှင့်ပတ်သက်၍ နောက်တစ်ကြိမ်ရုံးချိန်းကို အောက် တိုဘာ ၁၁ ရက်သို့ ပြန်လည်ချိန်း ဆိုခဲ့သည်။

7Day

0 comments:

Post a Comment