Tuesday, October 30, 2018

အလုပ်​ထုတ်​ခံ ဖုယွင်စက်ရုံ အလုပ်​သမား ၃၀ ကျော်​ကို ပြန်​ခန့်​ရန် အလုပ်​ရှင် သ​ဘောတူ


ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်​အထည်ချုပ်စက်​ရုံက အလုပ်​ထုတ်​ခံရတဲ့ အလုပ်​သမား ၃၀ ကျော်​ကို ပြန်​ခန့်​ဖို့ အလုပ်​ရှင်​က သ​ဘောတူလိုက်ပြီ ဖြစ်​ပါတယ်။ 
အောက်တိုဘာ ၂၉ ရက် ညပိုင်းနဲ့ ၃၁ ရက် မွန်းလွဲပိုင်းတွေမှာ ရန်​ကုန်​တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် အလုပ်​ရှင် အလုပ်​သမား သုံးပွင့်​ဆိုင်​ ၂ ရက်ကြာ ညှိနှိုင်းပြီးနောက် ပြေလည်​မှုရရှိခဲ့တာပါ။ 

ရန်ကုန်တိုင်း​ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းအ​နေနဲ့ စက်​ရုံမှာ အလုပ်​လုပ်​​နေတဲ့ အလုပ်​သမား​တွေကို ကြားဝင်​ညှိနှိုင်း​ပေးမှာဖြစ်​ပြီး အလုပ်​သမား​တွေက လက်​ခံရင်​ လုပ်​ငန်းခွင် ပြန်​ဝင်​လို့ရပြီလို့ အလုပ်​သမား​ခေါင်း​ဆောင် မသက်​ထား​ဆွေက ပြောပါတယ်​​။ 

စက်ရုံဘက်ကတော့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ သဘောတူလိုက်ပေမယ့် စက်ရုံထဲက အလုပ်သမားတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေ အကြားမှာ ပြဿနာတက်ဖူးတာကြောင့် စက်ရုံထဲက အလုပ်သမားတွေ သဘောတူရင်တော့ လုပ်ငန်းခွင် ပြန်ဝင်နိုင်ပြီ ဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် စက်ရုံထဲမှာ အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေကို သွားရောက် ဖျောင်းဖျပေးမှာလည်း ဖြစ်ပါတယ်။ 

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေ တော်တော်များများကိုလည်း အလုပ်ရှင်ဘက်က လိုက်လျောလိုက်ပြီ ဖြစ်ပါတယ်။ 

ဒါ့အပြင် နှစ်ဖက် အပြန်အလှန်ဖွင့်ထားတဲ့ အမှုတွေကိုလည်း ပြန်လည်ရုပ်သိမ်းသွားဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ အလုပ်သမားတွေဘက်က ပြောပါတယ်။ 

ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းအ​နေနဲ့ အောက်​တိုဘာ ၃၀ ရက်​​ ည​နေမှာ ဖုယွင်​စက်​ရုံကို သွား​ရောက်​​တွေ့ဆုံဖို့လည်း ရှိ​နေပါတယ်​။ 

အလုပ်သမားတွေဟာ ရက်ပေါင်း ၇၀ ကြာ သပိတ်မှောက် ဆန္ဒပြမှုအပြီးမှာ မနေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပြီး အခုလို ပြေလည်မှုရရှိခဲ့တာပါ။

DVB

0 comments:

Post a Comment