Tuesday, February 26, 2019

တောင်​ကြီးမြို့ ရွှေမုဋ္ဌောဘုရားစောင်းတန်း​တွင် အာဂန္တု သံဃာ ၂ ​ပါး အသတ်ခံရ


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်း​မှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်​အ​စောပိုင်းက အသတ်​ခံရတဲ့ အာဂန္တု သံဃာနှစ်​ပါး အ​လောင်း ​တွေ့ရှိတယ်​လို့ တောင်​ကြီးမြို့နယ်​ ရဲတပ်​ဖွဲ့ မှူးထံသိရပါတယ်​။ 
အသတ်​ခံရတဲ့ သံဃာ​တော်​ရဲ့ ဦး​ခေါင်း​တော်​မှာ ဓားဒဏ်​ရာနဲ့ ခုတ်​ခံရတာဖြစ်​ပြီး အဲဒီ သံဃာ​တွေဟာ စောင်းတန်းမှာ ရွက်​ဖျင်​တဲထိုး သီတင်းသုံး​နေတာ လပိုင်း​လောက်​ရှိပြီလို့ ပတ်​ဝန်းကျင်​က​ပြောပြချက်​အရသိရပါတယ်​။ 

“​ရွှေမု​ဌောဘုရား​ကျောင်းတိုက်​မှ ဆရာ​တော်​တပါး ဆွမ်းခံကြွလာချိန်​မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနဲ့ လဲကျ​​သေဆုံးတဲ့ သံဃာနှစ်​ပါး​တွေ့​​တော့ ရဲကိုအ​ကြောင်းကြားတယ်​။ ရဲ​တွေ သွားစစ်​​ဆေးတယ်​ ပြီး​တော့​အ​လောင်းကိုဆေးရုံ သယ်​သွားပြီးစစ်​​ဆေးတယ်​။ အဲဒီ​စောင်းတန်းမှာ ဘုန်းကြီး မအိပ်​ရဘူးလို့ စာ​တွေကပ်​ထားတာလည်းရှိတယ်​။ အခု​တော့စိစစ်​ဆဲပါ”လို့ တောင်​ကြီး မြို့နယ်​ ရဲတပ်​ဖွဲ့ ရဲမှူး ​မောင်​​​မောင်​နိုင်​က​ပြောပါတယ်​။ 

အသတ်​ခံရတဲ့ သံဃာ​တော်​ နှစ်​ပါးဟာ ဦးကဝိန္ဒနဲ့ ဦးသုဇာတတို့ဖြစ်ကြပြီး ဘယ်​​ကျောင်းတိုက်​မှာမှ သီတင်းသုံး​နေထိုင်​ခြင်း မဟုတ်​ဘဲ အာဂန္တု သံဃာ(ဧည့်သည်​) သံဃာဖြစ်​​ကြောင်း ရဲမှူး ကဆက်​​ပြောပါတယ်​။ 

တရားဥပ​ဒေစိုးမိုး​ရေးကွန်​ရက်​ ကိုဝင်းနိုင်​စိုးက “အမှန်​က တရားဥပ​ဒေ စိုးမိုးမှုမရှိတာရယ်​ ပြီး​တော့ တဲထိုးပြီး​နေတဲ့ကိစ္စ​တွေ မကြာမကြာ ရှိ​နေတဲ့ဟာက မဖြစ်​သင့်တဲ့ကိစ္စဗျာ့။ လူဆိုရင်​ အ​ကြောင်းမဟုတ်​ဘူး သံဃာ​တော်​​တွေဖြစ်​​မေတဲ့အတွက်​ စိစစ်​​ဆောင်​ရွက်​သင့်တယ်​ဗျာ့။ ​နောက်​​နောင်​ဒီလိုမဖြစ်​​အောင်​​ပေါ့၊”လို့​ပြောပါတယ်​။ 

သံဃာနှစ်ပါး အသတ်​ခံရတဲ့ အမှုမှန်​​ပေါ်​ပေါက်​​ရေး နယ်မြေရဲစခန်းက စစ်​​ဆေးနေပြီး မြို့မရဲစခန်းမှာ (ပ)၃၆၂/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ ၃၀၂ အရ အမှုဖွင့်ထား​ပါတယ်​။ 

ခွန်​ရာဇာ
DVB

0 comments:

Post a Comment