Tuesday, February 26, 2019

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမြင်တူဟု ဒေါ်နယ်ထရမ့် ပြော


မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှု ဆက်ပြီးရပ်ထားရင်ကို ပျော်ရပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို အိမ်ဖြူတော်မှာ ဖေဖော်ဝါရီ ၂၄ ရက်က ပြောလိုက်ပါတယ်။ 
ဗီယက်နမ်မှာ ဒီသီတင်းပတ်အတွင်း ဆွေးနွေးမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သူနဲ့ အမြင်တူတယ်လို့လည်း ထရမ့်က ပြောပါတယ်။ 

အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ ဟနွိုင်းမှာ တွေ့ကြမှာပါ။ 

ပထမဆုံး သမိုင်းဝင်ညီလာခံက ရလဒ် ခြေလှမ်းတွေကို ဆက်ပြီး ရှေ့တိုးဖို့ မျှော်လင့်ထားပါတယ်။ 

တချိန်က အမေရိကန်ရဲ့ရန်သူဖြစ်ခဲ့တဲ့ ဗီယက်နမ်ဟာ ယုံကြည်စိတ်ချရပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းဝင်အဖြစ် ဒီထိပ်သီးညီလာခံကို လက်ခံကျင်းပတာလို့ ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။ 

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သံတမန်ရေး အထီးကျန်နေရာကနေ အမြန်တိုးတက်လာတဲ့ ဗီယက်နမ်ဟာ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်ဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ 

သယံဇာတကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေတဲ့ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဗီယက်နမ်ဟာ အင်အားထိန်းညှိရာမှာ အထောက်အကူရဖို့ ကြိုးစားနေပါတယ်။

DVB

0 comments:

Post a Comment