Tuesday, February 26, 2019

မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ပြတိုက် ရန်ကုန်တွင် ဖွင့်လှစ်မည်


မြန်မာနိုင်ငံရဲ့ ပထမဆုံးဆင်ပြတိုက်ကို မတ်လ ၃ ရက်နေ့ ရန်ကုန်မြို့ တိရိစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်မှာ စတင်ဖွင့်လှစ်မယ်လို့ သစ်တောဦးစီးဌာနကပြောပါတယ်။ 
မတ်လ ၃ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး မြန်မာ့သမိုင်းမှာတောဆင်းရိုင်းနဲ့ အိမ်မွေးဆင်တွေရဲ့အရေးပါသော အခန်းကဏ္ဍနဲ့ ဆင်တွေ ကြုံတွေ့နေရတဲ့ခြိမ်းခြောက်မူ ရေရှည်ရှင်သန်စေဖို့ အစီအစဉ်တွေကိုပြသသွားမယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် ရန်ကုန်မြို့ ဆင်ပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သစ်တောဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဆင်ပြတိုက်ကို WWF Myanmar က ငွေကြေးထောက်ပံ့ပြီး မြန်မာလူငယ်ဗိသုကာ အဖွဲ့ကနေ ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့တာပါ။ ပြတိုက်မှာ ဆင်အရိုးစုအစိတ်အပိုင်းတွေ ဆင်တွေရဲ့ အလေ့အထရုပ်သံပြကွက်တွေ ဆန္ဒန်ဆင်ဆွယ်ပုံစံတူပြခန်းနဲ့ ဆင်အကြောင်း စာအုပ်စာတန်း တွေကို ပြသထားပြီး မေလကုန်ထိ အခမဲ့လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment