Tuesday, February 26, 2019

တိုက်ကြီးတွင် မုန့်ဖိုမီးလောင်၊ ကျပ်သိန်း ၅၀ ကျော်တန်ဖိုး ပျက်စီးဆုံးရှုံး


ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် စံပြ(၁)လမ်းမှာ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၄ နာရီကျော်လောက်က မုန့်ဖိုတလုံးမီးလောင်ပြီး ကျပ် သိန်း ၅၀ ကျော်ဖိုးလောက် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ 
ဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က “မနက် ၄ နာရီလောက်က မီးစလောင်တာ၊ သိန်းငှက်မုန့်ဖို့ ဝါယာလျော့ဖြစ်ပြီး လောင်တာလို့သိရတယ်။ ပျက်စီးဆုံးရှုံးတာက ၅၄ သိန်းခန့်လို့ ပြောတယ်။ တိုက်ကြီး၊ မှော်ဘီ၊ ဥက္ကံက မီးသတ်ကားတွေတိုက်ကြီးမြို့က ပရဟိတ ရေသယ်ယာဉ်တွေနဲ့ ဝိုင်းငြိမ်းသတ်ခဲ့လို့မနက် ၅ နာရီကျော်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။ 

မီးလောင်မှုနဲ့ ပတ်သက်ပြီး တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနက ဒုဦးစီးအရာရှိဦးနိုင်ဦးက “အဲယားဖန်ဖွင့်ထားတဲ့အချိန် မော်တာဂျန့်ဖြစ်ပြီး အပူလွန်ပြီးအောက်မှာရှိတဲ့ မရွှေးမုန့်တွေကို မီးစလောင်တာလို့ သိရတယ်။ အိမ်ရှင်တွေက မရှိဘူး ခရီးသွားနေတယ်။ အိမ်ရှင်ရဲ့တူကို တာဝန်ခံအဖြစ်ထားခဲ့တာ။”လို့ ပြောပါတယ်။ 

မီးလောင်မှုကြောင့် လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိပါဘူး။ မုန့်ဖိုတာဝန်ခံ အောင်ကိုလတ်ကိုတော့ တိုက်ကြီးမြို့မရဲစခန်းက ဥပဒေပုဒ်မ ၂၈၅ နဲ့အမှုဖွင့် အရေးယူထား ပါတယ်။ 

ဖေဖော်ဝါရီလဆန်းပိုင်းကလည်း တိုက်ကြီးမြို့အတွင်း ဝါယာရှော့ဖြစ်ရာက မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 




သတင်း – မေသွယ်
DVB

0 comments:

Post a Comment