Friday, April 26, 2019

စက်မှုဇုန်အသစ်များတွင်သာ လာရောက် ရင်းနှီးမြှုပ်နှံလိုကြသည် ဟုဆို


အမေရိကန်ဒေါ်လာ သန်း ရာနှင့်ချီရှိသော ရင်းနှီးမြှုပ်နှံလိုသူများသည် စက်မှုဇုန်အသစ်များတွင်သာ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစားရှိကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ကပြောသည်။ 
"စက်မှုဇုန်တွေမှာ အခုလက်ရှိ ရှိလာတဲ့ industry ရဲ့ လိုအပ်ချက်ကို ဖြည့်နိုင်တဲ့ စက်မှုဇုန်မျိုးဆိုရင် industrial developer တွေက စက်မှုဇုန်အသစ်မှာပဲ လုပ်ချင်ကြတာတွေ များပါတယ်။ 

ဒေါ်လာ သန်းရာနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့ ရင်းနှီးမြှုပ်နှံသူ အကြီးကြီးသမားတွေကတော့ ဇုန်အသစ်မှာပဲ လိုချင်တော့ပါတယ်။ လမ်းတွေဆိုလဲ အကျယ်ကြီးတွေပေါ့။ဥပမာ သီလဝါစက်မှုဇုန်လိုမျိုးကို သူတို့လိုချင်ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး စည်ပင်သာယာဧရိယာပြင်ပ မြို့နယ် ၁၁မြို့နယ်မှာ ဧက ၁၀၀၀ ဆိုပြီး စက်မှုဇုန် ၁၁ခုကို ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။ 
ရင်းနှီးမြှုပ်နှံသူတော်တော်များများသည် လက်ရှိ ရှိပြီးသား စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် လာရောက် ကြည့်ရှု့ရာတွင် facility အပြည့်အစုံ မရှိသည့်အပေါ် မကြိုက်သည့် အချက် တော်တော်များများ ရှိကြသည်ဟုဆိုသည်။ 
ထို့ကြောင့် ပြီးခဲ့တဲ့သည့် နှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က စည်ပင်သာယာဧရိယာပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန်အသစ် ၁၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 
"ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ confirm လုပ်တာ ၅ ချက်ရှိပါတယ်။လျှပ်စစ်ကို လုံလောက်စွာပေးနိုင်ရဲ့လား public facility က လုံလောက်မှုရှိရဲ့လား။ 
အလုပ်သမားပေါ်လစီကဘာလဲ ။ ပေါ်လစီပိုင်းဆိုင်ရာရယ်နဲ့ မြေငှားရမ်းခ နှုန်းထားတွေ ဖြစ်ပါတယ်။ဒီ စက်မှုဇုန်အသစ် ၁၁ ဇုန်ကို ဖိတ်ခေါ်လိုက်တဲ့ အထဲမှာမှ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများ စိတ်ဝင်စားကြတယ်။ကျွန်မတို့ဆီ ဝင်လာတာတော့ ၃ဖွဲ့ရှိပါတယ်။ အခု ၁ဖွဲ့ကတော့ စပြီး MoU ထိုးနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။ 
ယင်းအချက် ၅ချက် နှင့်ပတ်သက်၍ ရှိပြီးသား စက်မှုဇုန်များတွင် လိုအပ်ချက်များရှိနေသောကြောင့် မပြည့်စုံသေးသည့် လျှပ်စစ်ကဏ္ဍနှင့်လမ်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားသည် ဟုဆိုသည်။ 
ထို့ပြင် အလုပ်အကိုင်ဖန်တီးမှုနှင့်ပတ်သက်၍လည်း ရန်ကုန်မြို့သည် ရွှေ့ပြောင်းလုပ်သား များပြားသောကြောင့် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူများပြား လာသည်ဟုဆိုသည်။ 
လှိုင်သာယာစက်မှုဇုန်တစ်ခုအနေဖြင့် လူဦးရေ ၂ သိန်း ၃သိန်းခန့်သာ လျာထားသည့် စက်မှုဇုန်တစ်ခုသည် လူဦးရေ ၇ သိန်းလောက်ဖြစ်လာသောကြောင့် စက်မှုဇုန် အလုပ်သမားများ မိမိတို့သက်ဆိုင်ရာ မြို့နယ်အလိုက် မျှတသွားအောင် ရည်ရွယ်၍ စည်ပင်သာယာဧရိယာပြင်ပ ၁၁ မြို့နယ်တွင် စက်မှုဇုန်အသစ်များ ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 
အဆိုပါ စက်မှုဇုန်သစ်များကို ကော့မှူး ၊ကွမ်းခြံကုန်း၊ တွံတေး ၊ခရမ်း ၊သုံးခွ ၊ တိုက်ကြီး၊ မှော်ဘီ ၊ လှည်းကူး ၊ သန်လျင် ၊ကျောက်တန်းနှင့် ထန်းတပင်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး မြေဧက အနည်းဆုံး ၇၀၀ မှ ၁၆၀၀ အထိ ရှိသည်ဟု ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ 

ဝေဝေဖြိုး 
The Fifth Wave News 

0 comments:

Post a Comment