Friday, April 26, 2019

ကျောက်ဖြူ ထွေအုပ်ရုံးခြံဝင်းအတွင်း ထောင်ထားသည့် လက်လုပ်မိုင်း တွေ့ရှိ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခြံဝင်းမှာ ထောင်ထားတဲ့ လက်လုပ်မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။ 
ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခြံဝင်း ဒုခရိုင်အုပ်ချုပ်ရေးမှူး နေထိုင်တဲ့ အိမ်ရှေ့အနီးရှိ သရက်ပင်အောက်မှာ မနေ့ မနက် ၈ နာရီကျော်က တွေ့ရှိခဲ့တာပါ။ 


တောင်ကုတ်မြို့နယ်ရှိ BE တပ်မှ ဗုံးကျွမ်းကျင်တဲ့အဖွဲ့က လာရောက်ရှင်းလင်းရာမှာ ကွန်ကျုပိုက် (အပြာရောင်) အချင်း ၄ လက်မ၊ အမြင့် ၆ လက်မ၊ ဒီတိုနေတာ ၂ ချောင်းနဲ့ ပြုလုပ်ထားပြီး 590 လို့ ရေးထားတဲ့ ရီမုမိုင်းအမျိုးအစား ဖြစ်ကြောင်း BE တပ်တာဝန်ရှိသူတွေက စိစစ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ 

ကျောက်ဖြူမြို့မရဲစခန်း ရဲမှူး အောင်မော်က “လက်လုပ်မိုင်းပါပဲ၊ အရင်ဖြစ်တဲ့ဟာနဲ့ ဆက်စပ်မှုရှိမရှိ ပြောလို့မရသေးပါဘူး၊ ဆက်လက်စိစစ်နေပါတယ်။” 

ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်နေတဲ့ ထွေအုပ်ဝန်ထမ်း ၇ ဦးနဲ့ မီးသတ်ဌာနမှ ၀န်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ 


နောင်နောင်
DVB

0 comments:

Post a Comment