Saturday, April 27, 2019

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က ကနီမြို့မှာ ခြေဥပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့တွင် ဧပြီလ ၂၇ ရက်နေ့က (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ 
ကနီမြို့ မြို့တော်ခန်းမမှ စတင်၍ ကနီမြို့လယ်လမ်း၊ ရုံးလမ်း၊ ကနီမြို့အတွင်း လူဦးရေ ၁၅၀၀ ဝန်းကျင် လမ်းလျှောက်လှည့်လည် ချီတက်ခဲ့သည်။ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီ မကျသော ပြဋ္ဌာန်းချက်ပါ ဥပဒေများပြင်ဆင်ရေး ၊ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး” စသည့် ကြွေးကြော်သံများဖြင့် ထို ထောက်ခံပွဲကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။ 




ဓာတ်ပုံ ဇင်ဇင်မွန်ဇော် 
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

0 comments:

Post a Comment