Friday, April 26, 2019

သီရိလင်္ကာတွင် အကြမ်းဖက်သမားများခိုအောင်းနေသော အိမ်ကိုဝင်စီးရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ၁၅ဦးသေဆုံး


သီရိလင်္ကာနိုင်ငံအရှေ့ဖက်ကမ်းခြေအနီးရှိ အိမ်တစ်အိမ်ကို ၀င်ရောက်စီးနင်းစဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ကလေး ၆ ဦးအပါအ၀င် ၁၅ဦးသေဆုံးကြောင်း သိရသည်။ 
တနင်္ဂနွေနေ့က ဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ ဒေသတစ်ခုတွင် ယမန်နေ့ညပိုင်းက အကြမ်းဖက်လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာတွင် ယခုကဲ့သို့သေဆုံးကြခြင်းဖြစ်သည်။ 

အဆိုပါ သေဆုံးသူ ၁၅ ဦးထဲတွင် ဖောက်ခွဲမှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၃ဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ 
ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သံသယတရားခံများပုန်းခိုနေကြသည့် အိမ်ကိုဝိုင်းစဉ် ပေါက်ကွဲမှု ၃ ခုဖြစ်ပွားခဲ့ပြီနောက် ပစ်ခတ်မှုများစတင်ခြင်းဖြစ်ကြောင်း သီရိလင်္ကာတပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။ 
”ဖောက်ခွဲရေးပစ္စည်းတွေ အများကြီးသိမ်းဆည်းထားတယ်လို့ သတင်းရတဲ့ အဲဒီအိမ်ကို ပူးပေါင်းတပ်ဖွဲ့က၀င်စီးတာပါ”ဟု အဆိုပါပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။ 
အိမ်အတွင်းနေရာအနှံ့အပြားမှ ဗုံးပြုလုပ်သည့်ပစ္စည်းများ၊ ပေါက်ကွဲစေတတ်သော ယမ်းအချောင်းများနှင့် ထောင်နှင့်ချီသော သတ္တုဘောစေ့များကို သိမ်းဆည်းရမိကြောင်းသိရသည်။ ယင်းနေရာသည် အသေခံဗုံးခွဲသော ၀တ်စုံများကို ထုတ်လုပ်သည့်နေရာတစ်ခုဟု ယူဆကြသည်။ 
ထို့အပြင် IS အကြမ်းဖက်အဖွဲ့၏ အလံကိုလည်း သိမ်းဆည်းရမိခဲ့သည်ဆို၏။ 






Ref: 15, including 6 children, dead in Sri Lanka after gun battle with suspected militants 
Photo - Daily Mail
Popular News Journal 

0 comments:

Post a Comment