Friday, April 26, 2019

မိုးညှင်းထောင်မှ အကျဉ်းသား ၁၃၀၀ ကျော် ပြန်လွတ်


ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်ကနေ ဒုတိယအကြိမ် သမ္မတလွတ်ငြိမ်း သက်သာခွင့်နဲ့ အကျဉ်းသားအကျဉ်းသူ ၁၃၂၅ ယောက် ပြန်လည်လွတ်မြောက်တယ်လို့ သိရပါတယ်။ 
မိုးညှင်းထောင်က လွတ်တာတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များတယ်လို့ ထောင်တာဝန်ရှိသူက ပြောပါတယ်။ 

ပထမအကြိမ် ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၅၁၈ ဦး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ 

အခု ဒုတိယအကြိမ် အကျဉ်းသားအကျဉ်းသူတွေကို အကျဉ်းဦးစီးဌာနက ခရီးစရိတ်တွေ ထုတ်ပေးပြီး မိုးညှင်းဘူတာကို ကားတွေနဲ့ မနက် ၁၀ နာရီက စတင် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဧပြီ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးအမိန့်စာထဲမှာ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်နဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံသား အကျဉ်းသား ၆၉၄၈ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ 

DVB 

0 comments:

Post a Comment