Friday, April 26, 2019

မိတ္ထီလာမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီး ဓါတ်တိုင်အားတိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်


မိတ္ထီလာမြို့နယ် တံတားဦးရပ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၃၃၁/၁)၌ ဧပြီ ၂၅ ရက်က မော်တော်ယာဉ်တစ်စီး ဓါတ်တိုင်အားတိုက်မိပြီး နောက်ဆီယိုစိမ့် အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
မိတ္ထီလာမြို့နယ် တံတားဦးရပ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၃၃၁/၁)၌ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်လာသော YGN 4H/×××× Landcruiser ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဓာတ်တိုင်အား တိုက်မိပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါယာဉ်မှာ ဆီယိုစိမ့်ပြီး အပူလွန် ကဲ၍ မီးလောင်ခဲ့ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း(စိစစ်ဆဲ)အား မိတ္ထီလာမြို့မရဲစခန်း(ပ)၁၈၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/၂၇၉(မီးပေါ့ဆမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News 

0 comments:

Post a Comment