Tuesday, June 25, 2019

ကျပ်သန်းပေါင်းတသောင်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများကို မိုင်းလားအဖွဲ့ဖျက်ဆီးပြ


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)အဖွဲ့က ၎င်းတို့ ဖမ်းဆီးရမိထားသော ကျပ်သန်းပေါင်း တသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မီးရှိျု့ဖျက်ဆီးပြလိုက်သည်။ 
၎င်းတို့ထိမ်းချုပ်နယ်မြေအတွင်းရှိ မိုင်းလားမြို့ပေါ်တွင် အခမ်းအနားတရပ်ပြုလုပ်၍ မီးရှို့ဖျက်ဆီးပြခဲ့ခြင်းဖြစ်သည်။ 
အဆိုပါအခမ်းအနားကို မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမြဲတမ်းကော်မတီဝင်များဖြစ်ကြသည့် ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ဦးစန်ပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်း၊ ဦးလော်ချန်ပေါက်၊ ဦးကြည်မြင့်၊ ဦးလီကျင့်လုံ၊ ဦးအိုက်ရှဲန်လား၊ ဦးခမ်းမောင်၊ ဦးစိုင်းတစ်တို့တက်ရောက်သည်ကိုတွေ့ရသည်။ 
ထို့အတူ အခမ်းအနားကို မိုင်းလားအဖွဲ့၏ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံထိန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းတို့မှ ဒေသခံများ စုစုပေါင်း ၆၅၀၀ခန့်တက်ရောက်လာကြသည်ကိုတွေ့ရသည်။ 
မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများတွင် Ice(၆၂၇.၂)ကီလိုဂရမ်၊ ဘိန်းဖြူ (၁၅၈.၅)ကီလိုဂရမ်၊ ဘိန်းမည်း(၁၀)ကီလိုဂရမ်၊ ခါခူး(၄.၃)ကီလိုဂရမ်နှင့် ခရစ္စတယ် (၂၀၀)ကီလိုဂရမ်တို့ပါဝင်ကာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၀၆၀တန်ဖိုးရှိကြောင်းသိရသည်။ 












သတင်းနှင့်ဓါတ်ပုံ-ဇော်ဇော်/ဧရာဝတီ

0 comments:

Post a Comment