Tuesday, June 25, 2019

ရခိုင်ပြည်နယ် လုံခြုံရေးတိုးတက်ဖို့ အာဆီယံကို မြန်မာ ကတိပြုခဲ့


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောက်ရွက်ပြီး ရိုဟင်ဂျာပြဿနာကို အာဆီယံနဲ့ ဆက်လက်ပူးပေါင်းဖြေရှင်းမယ်လို့ ပြီးခဲ့တဲ့ အာဆီယံ ညီလာခံ တက်ရောက်စဉ်ကာလအတွင်း နိုင်ငံခြားခေါင်းဆောင်တွေကို ကတိပြုခဲ့တယ်လို့ သိရပါတယ်။ 
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ရဲ့လုံခြုံရေးဆိုးဝါးနေရင် ရိုဟင်ဂျာတွေ ပြန်လက်ခံနေရာချထားဖို့ ခက်ခဲမှာဖြစ်ကြောင်းနဲ့ အဲဒီလို ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက် အာဆီယံ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်အလက်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် အင်ဒိုနီးရှားက ဆက်လက်ကူညီမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

သမ္မတ ဂျိုကိုဝီ ရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရအနေနဲ့ ပြဿနာရှိနေတာကို အသိအမှတ်ပြုကြောင်း၊ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားမှာဖြစ်ကြောင်း နဲ့ ရခိုင်ပြည်နယ်မှာ ပြသနာအများအပြား တပြိုင်နက် ပေါ်ပေါက်နေတာကို မိမိတို့ ရင်ဆိုင်နေရကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့ မနေ့ကထုတ်တဲ့ ဂျကာတာပို့စ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။ 

Photo: Myanmar State Counsellor Office
RFA

0 comments:

Post a Comment