Monday, June 3, 2019

ကယားအစိုးရ အမှုဖွင့်ထားသူ ကရင်နီ လူငယ်တစ်ဦးကို ရဲက ဖမ်းဆီး


ကယားပြည်နယ်အစိုးရက အမှုဖွင့်ထားသူ ကရင်နီလူငယ် ၆ ဦးအနက်မှ ကိုခူးကြူးဖဲကေး (ခ) ဂူးဂူးကို ဇွန်လ ၂ရက်နေ့ ညနေပိုင်းတွင် ကယားပြည်နယ် ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့ကြားတွင် ဖမ်းဆီးခံခဲ့ရကြောင်း ကရင်နီလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ကိုခွန်းဘားနဒ်ဘုတ်ကဆိုသည်။ 
ယင်းလူငယ် ၆ဦးကို ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေပုဒ်မ ၁၀ဖြင့် အမှုဖြင့်ထားခြင်းဖြစ်သည်။ 

အဆိုပါ ကရင်နီလူငယ် ၆ ဦးကို ဆင့်ခေါ်စာဖြင့် အကြောင်းကြားခြင်း မရှိဘဲ လွိုင်ကော်မြို့မရဲစခန်းက ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားထားခြင်းသာဖြစ်သောကြောင့် တရားရုံးမှ ဆင့်ခေါ်စာများဖြင့် အကြောင်းကြားလျှင် ဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်သည်ဟု ကရင်နီလူငယ်များကပြောဆိုသည်။ 

ထိုလူငယ်၆ဦးမှာ ကိုခူကြူးဖဲကေး(ခ)ဂူးဂူး ၊ ကိုဂျွန်ပေါ(ခ)ပျားလေး ၊ ကိုမျိုးလှိုင်ဝင်း(ခ)ပါစကွားလယ်၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်း၊ ကို ခူးရီဒူး(ခ)ခူးရီးရယ် တို့ကိုတွေ့ရှိလျှင် ရဲတပ်ဖွဲ့သို့ဆက်သွယ်အကြောင်းကြားရန် မေ ၃၁ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 
“ ဖမ်းဆီးခံရတာကတော့ ဟုတ်ပါတယ်။ ကျနော်တို့ အခုပဲသွားကြည့်မလို့ လက်ရှိတော့ လွိုင်ကော်မြို့မရဲစခန်းမှ ဖမ်းဆီးတယ်လို့သိရတယ်”ဟု ကိုခွန်းဘားနဒ်ဘုတ်ကဆိုသည်။ 
မေလ ၁၆ ရက်နေ့တွင် ကရင်နီပြည်လူငယ်အင်အားစု အဖွဲ့ဝင် ၆ ဦးတို့ကို အရေးပေးရန် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်က တရားလိုအနေဖြင့် လွိုင်ကော်မြို့နယ်တရားရုံးသို့ ဦးတည်လျှောက်ထားကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

Khit Thit Media 

0 comments:

Post a Comment