Tuesday, June 25, 2019

အထောက်အထားမဲ့ ဘင်္ဂလီ(၇)ဦးကို လမ်းပြနှင့်အတူ အထက်မင်းလှမြို့နယ်တွင် ဖမ်းဆီးရမိ


အထောက်အထားမဲ့ ဘင်္ဂလီ(၇)ဦးကို ချင်းလူမျိုးလမ်းပြတစ်ဦးနှင့်အတူ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 
၎င်းတို့ကို အထက်မင်းလှမြို့နယ်၊ ဆင်ရင်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအကြားရှိ ဆင်တောင်ချောင်းအနီး လျှိုမြောင်များအကြားတွင် ဇွန်လ ၂၅ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်မှာ ရရှိထားတဲ့သတင်းအရ တောနင်းရှာဖွေရာ ကနေ အဆိုပါနေ့ ညပိုင်း ၇း၃၀နာရီအချိန်မှာပဲ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ဇွန်လ ၂၄ရက်နေ့ မြို့သစ်ကျေးရွာလမ်းပေါက်နဲ့ ကန်တုတ်ရွာလမ်းဆုံတို့မှာ သူတို့လိုအထောက်အထားမဲ့ နယ်မြေဖြတ်ကျော်ဝင်ရောက်မှုတွေ မရှိစေရေးအတွက် ကျွန်တော်တို့အဖွဲ့တွေက ပိတ်ဆို့ရှာဖွေစစ်ဆေးနေခဲ့တာပါ။ အဲဒီကနေရတဲ့ ကွင်းဆက်တွေပါပဲ ဟု ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက ရှင်းပြသည်။ 
အဆိုပါနေ့များအတွင်း ပနီကျေးရွာအုပ်စု၊ ဆင်ရင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံက မိမိတို့ဒေသတွင်းတွင် မသင်္ကာဖွယ် လူအချို့တွေ့ရကြောင်း သတင်းပေးခဲ့တာကြောင့် အခုလိုလက်ရဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ 
ဖမ်းဆီးရမိသူများမှာ ကျောက်တော်မြို့နေ ၁၉နှစ်အရွယ်ရှိ မာဟာအူဘာလောင် အပါအ၀င် အသက် ၁၅နှစ်နှင့် ၂၁နှစ်အကြားအရွယ်ရှိ မွတ်ဆလင်လူငယ်များဖြစ်ပြီး ၎င်းတို့အဖွဲ့ကိုလိုက်ပါပို့ဆောင်ပေးသူဖြစ်သော မင်းတုန်းမြို့နယ်၊ ၀က်ကော်ကျေးရွာအုပ်စု၊ ငကုန်းရွာတွင်နေထိုင်သူ စိုးမိုးဦး၊အသက်(၂၄)နှစ်ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း အရသိရသည်။ 
ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ လိုက်ပါပို့ဆောင်ပေးသူ စိုးမိုးဦး(ခ)ဆန်းဦးကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အထက်မင်းလှမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီး အထောက်အထားမဲ့ဝင်ရောက်လာသူ(၇)ဦးအား မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဖြင့်ပူးပေါင်းစစ်ဆေးကာ အမျိုးသားမှတ်ပုံတင်အက်ဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။ 



ဇော်ထွန်း
Isee Media 

0 comments:

Post a Comment