Wednesday, June 26, 2019

ပမာဏများတဲ့ မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှုတွေကို တိုင်ကြားကြဖို့ သမ္မတ တိုက်တွန်း



ပမာဏများတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်မှု သတင်းတွေ ရရှိမှုအားနည်းနေတဲ့အတွက် သတင်းပေးတိုင်ကြားကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က တိုက်တွန်းလိုက်ပါတယ်။ 

ဒီနေ့ နေပြည်တော် MICC 2 မှာ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် က ပြောကြားခဲ့တာဖြစ်ပါတယ်။ 
၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနဆီ ပြည်သူတွေ ပေးပို့လာတဲ့တိုင်ကြားစာတွေကြောင့် စိစစ်ဖမ်းဆီးရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပေမယ့် ပမာဏာကြီးမားတဲ့ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်မှု သတင်းတွေရရှိမှု အားနည်းနေသေးတယ်လို့ သမ္မတက ပြောပါတယ်။ 
အခမ်းအနားကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ 










ဓါတ်ပုံ - သီဟထွန်း/ RFA 



0 comments:

Post a Comment