Wednesday, June 26, 2019

မလေးရှားမြေပြိုမှုအတွင်း မြန်မာလုပ်သား(၄)ဦးမြေပိ၊ (၃)ဦးအလောင်းကို ပြန်တွေ့ထား


မလေးရှားနိုင်ငံ ပီနန်းပြည်နယ်မှာရှိတဲ့ Tanjung Bungah ကမ်းခြေမြို့မှာ ဇွန်လ(၂၅)ရက်နေ့ညက မြေပြိုမှုဖြစ်ပွားခဲ့ရာ မြန်မာဆောက်လုပ်ရေးလုပ်သား(၄)ယောက် မြေအောက်ပိသွားခဲ့ပြီး၊အခုလက်ရှိအချိန်မှာ(၃)ယောက်ရဲ့အလောင်းကို ပြန်ရှာတွေ့ထားတယ်လို့ New Straits Times သတင်းမှာရေးသားထားပါတယ်။ 
မြေပြိုမှုအတွင်း မြေအောက်ပိသွားသူ လေးယောက်စလုံးဟာ မြန်မာဆောက်လုပ်ရေးလုပ်သားတွေဖြစ်ပြီး၊နောက်ထပ်ပျောက်နေသေးတဲ့ တစ်ယောက်ကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ 
အခင်းဖြစ်ပွားချိန်ဟာ ဒေသစံတော်ချိန်ည(၉)နာရီလောက်ကဖြစ်ပြီး၊ မြေပြိုတဲ့အချိန်မှာ သူတို့လေးယောက်ဟာ ၄ မီတာခွဲ လောက်အနက်ရှိတဲ့ တွင်းထဲမှာ ရေတွေကို စစ်ထုတ်နေတာဖြစ်ကြောင်း၊အဲဒီအချိန် ရုတ်တရက်မြေပြိုတော့ သူတို့ကို မြေဖို့လိုက်သလိုဖြစ်သွားကြောင်း မီးသတ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ 
အပန်းဖြေစခန်းအနီးက မြေသားနံရံဟာ သိပ်မခိုင်ဘူးလို့ ပိုင်ရှင်က သတိထားမိတာကြောင့် နံရံကို ခိုင်အောင်ပြန်လုပ်ဖို့ မြန်မာလုပ်သား(၄)ယောက်ကို ပြီးခဲ့တဲ့ အပတ်က ငှားရမ်းခိုင်းစေခဲ့တာဖြစ်ကြောင်း သတင်းမှာရေးသားထားပါတယ်။ ။ 

Translated by : Pyae Sone 
Photo : News Straits Times
One News Myanmar 

0 comments:

Post a Comment