Wednesday, June 26, 2019

တောင်ဥက္ကလာပ​မြို့နယ်​ရှိ သောက်ရေသန့်လုပ်ငန်း (၃)ခု အား ပိတ်သိမ်း


ဇွန်လ ၂၅ ရက်နေ့က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ-ရန်ကုန်သည် မြို့ နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ "​​တောင်ဥက္ကလာပ​မြို့နယ်​ရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်မရရှိထားသော သောက်ရေသန့်လုပ်ငန်း (၃)ခု" အား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ ပြီး ပြစ်ချက်ရှိ စက်ရုံ သုံးခုကို ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။ 
" WYMT "အမှတ်တံဆိပ် နှင့်​ "RCD" အမှတ်​တံဆိပ်​ သောက်ရေသန့် လုပ်ငန်း နှင့်​ ​ထောက်​ခံချက်​ရရှိပြီး​သော အမှတ်​​တံဆိပ်​မျိုးစုံကို အသုံးပြု၍ ထုတ်​လုပ်​​နေ​သော ​သောက်​​ရေသန့်လုပ်​ငန်းတို့မှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသဖြင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ပြီး အဆိုပါလုပ်​ငန်းများအား GMPနှင့်အညီ ပြန်လည်ပြု ပြင်ပြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသို့လျှောက်ထားရန်၊​ ​ထောက်​ခံချက်​ရရှိထားခြင်း မရှိဘဲ ထုတ်​လုပ်​​ရောင်းချ​နေမှု​ကြောင့်​ (၃)လအတွင်း ​လျှောက်ထားခြင်း မပြုရန်​​နှင့်​ ​ဈေးကွက်အတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြုရန်​ ၊ လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူသွားမည် ဖြစ်​ကြောင်း သိရသည်။ 







Credit - YGN FDA 
The Ladies News

0 comments:

Post a Comment